Wellington သို့ရောက်ရှိခဲ့သည့်ပထမဆုံးညသည်စိုင်းနဲ့ဇေရန်ခတို့အတွက်အဓိပ္ပာယ်မဲ့နေခဲ့သည်။
နေရာဒေသပေါင်းစုံမှအမျိုးမျိုးသောသဘာဝ၏အလှတရားများစွာကိုလည်ပတ်ကြည့်ရှုခဲ့ရ၍ပျော်ခဲ့သော်လည်းပင်ပန်းနေသည်ကများသည်။
ရိုးရိုးခရီးပန်းသည်ထက်စိတ်ပင်ပန်းသည်ကများနေသောကြောင့်စိုင်းလင်းထက်ရောဇေရန်ခပါနှုတ်ဆိတ်နေကြသည်။
Hazel စကားတွေကိုမလွန်ဆန်နိုင်လို့မလွတ်လပ်တဲ့အချုပ်အနှောင်ဘဝထဲကရုန်းထွက်ချင်နေတဲ့စိုင်းနဲ့ဂျွန့်ကိုမေ့ချင်နေတဲ့ဇေရန်ခရဲ့နှလုံးသားဝေဒနာတို့ဟာခရီးပန်းသည်ထက်ပို၍စိတ်ပင်ပန်းဖြစ်ခဲ့ရသည်။
လမ်းတစ်လျှောက်လာခဲ့ရာညနေ ၄ နာရီခန့်တွင် Hazel နဲ့ဖုန်းမှတစ်ဆင့်အငြင်းပွားပြီးနောက်စိုင်းမျက်နှာပေါ်မှာအရောင်အသွေးမရှိတော့။
စိုင်းဆီကအဖြေမရသည့်အပြင်ဂျွန့်ကိုသတိရမိသည့်ကိုယ့်ကိုကိုယ်လည်းမုန်းနေမိသောဇေရန်ခမှာလည်းစိုင်းဘက်တောင်လှည့်မကြည့်နိုင်တော့။
သည်လိုနှင့် မနက် ၁ နာရီတွင် Fiordland မှသူတို့နေထိုင်ရာ Wellington သို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
တစ်လမ်းလုံးမောင်းလာသောဇေရန်ခသည်ကားကိုစိုင်းအိမ်ရှေ့တွင်ထိုးရပ်လိုက်ကာစက်သတ်လိုက်သည်။
အလိုက်သိသောစိုင်းလည်းသူ့အထုပ်အပိ်ုးများယူကာကားပေါ်မှဆင်း၍အိမ်ထဲဝင်သွားသည်။
"ဂရုစိုက်ပြန်နော် ကိုဇေ" ဆိုသောစကားတစ်ခွန်းဟာ Fiordland မှ Wellington ခရီးတစ်လျှောက် စိုင်းပြောသောပထမဆုံးစကားပင်။
"Omm..." ဆိုသောဇေရန်ခ၏တုံ့ပြန်မှုဟာလည်း 1138.9 km ကွာဝေးသောခရီးတစ်လျှောက်ပထမဆုံးဇေရန်ခဆီမှကြားရသောအေးစက်သည့်တုံ့ပြန်သံ။
၁ရ နာရီကြာသောအချိန်ကိုအတူဖြတ်သန်းခဲ့ကြပြီးစိုင်းလည်းသူ၏နေအိမ်တွင်အနားယူနေပြီဖြစ်သည်။ ဇေရန်ခလည်းအိမ်သို့မောင်းနှင်လာပြီးအိပ်ရာပေါ်ထိုးဝင်အိပ်တော့သည်။ Wellington မြို့၏ထိုတစ်ညတာဟာသူတို့နှစ်ယောက်၏အေးစက်သောဆက်ဆံရေးကြောင့်ပို၍အေးစက်လာခဲ့သည်။
YOU ARE READING
Love in Hate [Season-1+2]
רומנטיקהHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]