"Kamiya Ken.."
"Hai..."
ချိုသာသော သူနာပြုမလေး၏ ခေါ်သံနောက် ဆရာဝန်အခန်းထဲသို့ Ken ဝင်သွားသည်။
အဒေါ်ဖြစ်သူ၏ ကျန်းမာရေးနှင့်ပက်သက်ပြီး Operation ပြီးချိန်တွင် ဆွေးနွေးရန် ခေါ်ထား၍ လူနာစောင့်တန်းတွင် တစ်နာရီမျှ ထိုင်စောင့်နေခဲ့ခြင်းဖြစ်သည်။
နာရီဝက်လောက်ကြာသောအခါ ဆရာဝန်အခန်းထဲမှ Ken ပြန်ထွက်လာသည်။
ဝင်သွားတုန်းကလို မဟုတ်ပဲ ခြေလှမ်းများ လေးလံနေသည်။ မျက်နှာမှာ အရောင်မရှိ။
သွေးကင်ဆာဆိုသော အသံကြားပြီးသည်နှင့် Ken စိတ်ထဲ ဘာမှမရှိတော့။
ခန္ဓာကိုယ်ထဲမှ ကလီစာများအကုန် ဆွဲထုတ်ခံလိုက်ရသလို ဗလာရှင်းဖြစ်သွားခဲ့ရသည်။
ပဲ့တင်ထပ်နေသော ဆရာဝန်၏အသံများသာ နားထဲ လွှမ်းမိုးနေပြီး အမြင်များဝေဝါးလာသည်။
မဖြစ်ဘူး...ငါပါ လဲကျသွားလို့ မဖြစ်ဘူး... လူနာစောင့်ရမယ့်သူကပါ အားနည်းနေလို့မဖြစ်ဘူး...
Room.7659
အခန်းတံခါးဖွင့်သံဟာ တိတ်ဆိတ်နေသောလေထုထဲ ကျယ်လောင်လွန်းလှသည်။
Lock တံခါးကို ကိုင်ထားသော Ken ရဲ့လက်များမှာ နဂိုဖွေးသည်ထက် သွေးမရှိလောက်အောင် ဖြူရော်နေသည်။
တုန်ယင်မှုက ဒွန်တွဲ။
ကုတင်ပေါ် စောင်အပြည့်ခြုံကာ အိပ်နေသော အဒေါ်ရဲ့မျက်နှာကို ကြည့်၍ စိတ်မကောင်းဖြစ်ရသည်။
လျော့ရဲသွားသော မျက်နှာထက် အရေးကြောင်းများ ပေါ်ချင်နေသည်။ ပါးနေသော ဆံပင်များကြောင့် ဦးရေကို အတိုင်းသား မြင်နေရသည်။
ကုတင်ဘေးရှိ သံထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ အေးစက်မှုက ခန္ဓာကိုယ်တစ်လျှောက်စီးဝင်သွားသည်။
Air-con အရှေ့တည့်တည့်မို့ Ken တစ်ကိုယ်လုံး အေးခဲနေသည်။
အဒေါ်ဖြစ်သူ၏လက်များကို ဆုပ်ကိုင်ရင်း အနွေးဓာတ်ယူရန် ကြိုးစားသော်လည်း ဆို့တက်လာသော ဝမ်းနည်းမှုသာ ရလာသည်။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)