သွယ်လျသောခြေတံများကို ယှက်သွယ်ချိတ်ထားပြီး Cocktail ခွက်ကို ကိုင်ထားသော မိုးဟေဇယ်လ် ဆိုဖာပေါ်တွင် ထိုင်နေသည်။
စားပွဲပေါ် အသံမြည်အောင်တင်လိုက်သော Cocktail ခွက်လေးမှာ အားငယ်စွာကြည့်နေပေမယ့် ဂရုမစိုက်ပဲ ဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ဆီသို့ ဆက်ရန် ပြင်နေသည်။
"ဘာ.... စိုင်းလင်းထက်နဲ့ ပြန်တွေ့နေတယ်ဟုတ်လား.."
ကျယ်လောင်စွာအော်လိုက်သော အာမေဋ္ဋိတ်အသံမှာ အခန်းထဲတွင် ဟိန်းသွားသည်။
ဖုန်းကိုဆ်ိုဖာပေါ် ပစ်တင်လိုက်ပြီး ဗီရိုထဲမှ အဝတ်အစားများကို ခရီးသွားအိတ်ထဲထည့်နေသည်။
လိုအပ်သော မှတ်ပုံတင်၊ကားလိုင်စင်များကို အိတ်နှင့် သီးသန့်ထည့်ပြီး နာရီကိုကြည့်လိုက်သည်။
ညနေ ၆နာရီခွဲအချိန်တွင် ခရီးရှည်သွားရန် မိန်းကလေးတစ်ယောက်တည်း မသင့်တော်သော်လည်း စိုင်းနဲ့ ဇေရန်ခတို့ရဲ့ ကိစ္စကို သိချင်ဇောကပ်နေသောကြောင့် အသည်းအသန်လုပ်နေမိသည်။
မိခင်ဖြစ်သူမှ လာကြည့်ကာမေးတော့ အကြောင်းစုံ ရှင်းပြပါသည်။
"သမီးရယ်...မသွားပါနဲ့.... အန္တရာယ်များလိုက်တာ.."
"မရဘူး Mommy.. မသွားလို့ မဖြစ်ဘူး.. ကိုဇက် ဘာတွေလုပ်နေလဲ သမီးသိရမှဖြစ်မယ်.."
အတင်းဇွတ်သွားမယ်လုပ်နေသောသမီးကို တားမရ၍ ခေါင်းယမ်းကာ စိတ်ပျက်မိသည်။
"စိတ်အေးအေးထားပါ.. မနက်စောစော ထသွားရင် ရပါတယ်.. သမီးရဲ့... သေချာစဉ်းစားပါဦး.."
စိတ်တွေ ထူပူနေတော့ ဘာမှစဉ်းစားမရတော့ပဲ မိခင်စကားကိုလွန်ဆန်နေမိသော Hazel မှာ သွားရန်သာ ပြင်ဆင်နေတော့သည်။
"မဟုတ်သေးဘူး Mommy သွားမှဖြစ်မှာ.. မသွားလို့ မရဘူး..."
နောက်ဆုံးမိခင်ဖြစ်သူ လက်လျှော့လိုက်ရသည်။
လိုချင်လျင် မရမက ယူတတ်ပြီး လုပ်ချင်လာလျင် ချက်ချင်းဇွတ်လုပ်တတ်သော ငယ်ငယ်ကတည်းက အကျင့်မှာ အခုထိမပျောက်သေးပေ။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)