အပိုင်း (၃၅)

786 43 6
                                        

ကြွေပါးအဖြူများဖြင့်ဝင်းနေသောကြမ်းပြင်ပေါ်တွင်အညိုရောင်ကော်ဖီအရည်များတစ်ဖြည်းဖြည်းစီးကျလာကာမာကျောသောဖန်ဖြင့်ပြုလုပ်ထားသည့်ကနုတ်ပန်းများနှင့်ခွက်သည်လည်းကြွေပါးထက်ပေါ်တွင်ညီညာစွာကွဲထွက်သွားသည်။

နှုတ်ခမ်းများကိုအတင်းစုပ်ယူကာခါးကိုတင်းကြပ်စွာဖက်ထားသည့်အလိုမတူနမ်းနေမှုမှရုန်းထွက်ရန်စိုင်း ဇေရန်ခ၏ရင်ဘတ်အားတွန်းထုတ်ကာသူ့နှုတ်ခမ်းအားလက်ခုံဖြင့်သုတ်လိ်ုက်သည်။

"ကိုဇေ..ဘယ်လိုဖြစ်နေတာလဲဗျာ..?"

ဇေရန်ခမျက်နှာပြင်ထက်လှောင်ပြုံးတစ်ချက်ပေါ်လာပြီးစိုင်း အားမှင်သေသောမျက်ဝန်းဖြင့်ကြည့်လိုက်သည်။

"ဘာလဲ..? မင်းကငါတို့ဆက်ဆံရေးကိုလူသိမှာကြောက်နေတာလား..? ဟမ်? စိုင်း.."

"ကိုဇေ..ဘာတွေဖြစ်နေတာလဲ..? ဧည့်သည်ရှိတယ်လေဗျာ.."

"ဟက်! ဧည့်သည်..?"

"ဟုတ်တယ်လေ Zion ကကျွန်တော်တို့ Company ကိုဒီနေ့မှရောက်လာတဲ့ဧည့်သည်ပဲလေ.."

"ကိုယ့်အတွက်တော့ဧည့်သည်မဟုတ်ဖူး...."

ဇေရန်ခ၏အေးစက်သောအကြည့်များသည် Zion ဆီချက်ချင်းလွှဲသွားပြီးမဲ့ပြုံးတစ်ချက်ပေးလိုက်သည်။

"Zion နဲ့ကိုယ်ကသိပြီးသားတွေဆိုတော့....အခုလိုပြန်တွေ့ရတာကိုယ့်အတွက်ဧည့်သည်မမြောက်တော့ဘူးလေ...ဟုတ်တယ်မလား...Zion..?"

"ဗျာ..?ဟုတ်..ဟုတ်ပါတယ် ကိုစိုင်း.."

စိုင်း နားမလည်စွာဖြင့်ဇေရန်ခနှင့် Zion တို့အားစူးစမ်းစွာကြည့်နေသည်။

Zion ကိုကြည့်နေသည့်ဇေရန်ခ၏အကြည့်များသည်စူးရှလွန်းလှသည်။

မကျေနပ်မှု၊မုန်းတီးမှုနှင့်မနာလိုမှုများလည်းတစ်စိတ်တစ်ပိုင်းပါကောင်းပါနေလိမ့်မည်။

ဇေရန်ခအပေါ် Zion ၏အကြည့်များသည်လည်းနားမလည်မှု၊အံ့သြမှုနှင့်တစ်ချို့သောဇေရန်ခ၏အမူအရာများကိုအလိုမကျမှုများပါနေပေလိမ့်ဦးမည်။

ပြောင်လက်နေသည့်ကြွေပြားထက်စီးဆင်းနေသောရွှေညိုရောင်ကော်ဖီများအပေါ် စိုင်း ချက်ချင်းစကားလမ်းကြောင်းလွှဲလိုက်သည်။

Love in Hate [Season-1+2]Où les histoires vivent. Découvrez maintenant