Hidden Scene

1.8K 97 10
                                        

အိပ်ရာပေါ်မှာငြိမ်သက်စွာမျက်စိမှိတ်နေပေမယ့်ကိုယ့်ကိုကိုယ်အိပ်ပျော်နေတာလားအိပ်မပျော်သေးဘူးလားဆိုတာမသဲကွဲဘူးဖြစ်နေတယ်။

ညတိုင်းမက်နေတဲ့အိပ်မက်ဆိုးဆီရောက်တော့မယ်ဆိုတာသိနေလို့အိပ်မပျော်ချင်သေးဘူး။

အိပ်ပျော်သွားရင်အဲ့ဒီအိပ်မက်ဆိုးကြီးထဲကိုရောက်သွားမှာကြောက်နေလို့ပဲ။

ဒါပေမယ့်အဲ့ဒီ nightmare ကပဲကျနော့်ကိုအနိုင်ယူတော့မယ်ဆိုတာသိနေတယ်။ အဲ့လိုရှုံးနိမ့်နေတာဘယ်နှခါရှိပြီလဲ?မဟုတ်ဖူး...ဘယ်နှနှစ်ရှိပြီလဲ...?ကျနော်ပင်ပန်းလှပြီ...

ဟုတ်တယ်..အရမ်းကိုပင်ပန်းနေပြီ...အိပ်မောကျခါနီးမှာဆေးရုံထဲကိုရောက်လာတယ်။ယမင်းရဲ့ကုတင်ဘေးမှာသူ့လက်လေးကိုဆုပ်ကိုင်ရင်းငိုနေတဲ့ကျနော်...

ခဏနေလို့ဆရာဝန်ရောက်လာပြီးစမ်းတဲ့အချိန်မှာတော့ကျနော်မကြားချင်တဲ့စကားကိုပဲထပ်ကြားရတော့မယ်။

ဒါပေမယ့်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ရဲ့အရိပ်ကကျနော့်အပေါ်ကိုလွှမ်းမိုးလာပြီးကျနော့်နှုတ်ခမ်းသားတွေကိုလာရောက်ထိတွေ့နေတယ်။

ဒီအိပ်မက်ဆိုးကြီးကနေတစ်ခါမှရုန်းထွက်ခွင့်မရအမြဲရှုံးနိမ့်နေတဲ့ကျနော်ဟာအခုတော့သူ့ကြောင့်အိပ်မက်ဆိုးကိုအနိုင်ယူနိုင်ခဲ့ပြီ။ ကျနော်မမြင်ချင်တဲ့အရာတွေ၊မကြားချင်တဲ့စကားတွေမလာခင်မှာသူ့ရဲ့အနမ်းကြောင့်လွတ်မြောက်ခဲ့တယ်။

အိပ်တစ်ဝက်နိုးတစ်ဝက်အခြေနေဖြစ်နေတဲ့ကျနော့်ကိုလာနမ်းနေတဲ့သူဟာဘယ်သူမှန်းမသိပေမယ့်ကျနော့်စိတ်ထဲမှာတော့အခုထိမမေ့နိုင်သေးတဲ့ယမင်းကိုပဲမြင်ယောင်နေမိတယ်။

အဲ့ဒါကြောင့်သူ့ရဲ့အနမ်းတွေကိုပြန်တုံ့ပြန်လိုက်တယ်။

သူကကျနော့်အပေါ်ကနေပြီးနှုတ်ခမ်းသားတွေကိုနူးညံ့စွာနမ်းပြီးနောက်မှာတော့မျက်နှာနဲ့ဆံပင်တွေကိုပွတ်သပ်ပြီးနှုတ်ခမ်းကိုစုပ်လိုက်တဲ့အချိန်မှာကျနော်လည်းသူ့နှုတ်ခမ်းတွေကိုမက်မောစွာနမ်းနေရာကနေလည်ပင်းတစ်ဝိုက်ကိုလက်နဲ့သွယ်ယှက်ကာသူ့ရဲ့စုပ်ယူမှုကိုခံစားနေလိုက်တယ်။

သူကအလိုက်သိစွာလျှာကိုကျနော့်ပါးစပ်ထဲထိုးသွင်းပြီးစုပ်ယူနေတဲ့အချိန်မှာတော့ကျနော်လည်းသူ့လျှာကိုစုပ်ယူတယ်။ နှုတ်ခမ်းသားတစ်ဝိုက်သားရည်တွေစိုရွှဲကာမက်မောစွာနမ်းရှိုက်စုပ်ယူနေကြတဲ့ကျနော်တို့နှစ်ယောက်....ဘယ်သူမှန်းမသိပေမယ့်ကျနော့်ဘက်ကတော့ယမင်းဆိုတဲ့အသိနဲ့သူ့အနမ်းတွေကိုတုံ့ပြန်နေတယ်။ အိပ်မောကျနေသလိုမှင်သက်စွာမျက်လုံးတစ်ချက်မဖွင့်ပဲသူ့အနမ်းတွေကိုတပ်မက်စွာမရပ်တမ်းနမ်းနေမိတယ်။ သူကျနော့်ကိုနမ်းတာရပ်သွားလို့ကျနော်အိပ်ပျော်သွားရင်ညတိုင်းမက်တဲ့အိပ်မက်ဆိုးကြီးကိုပဲပြန်မက်မှာစိုးရိမ်နေတာကြောင့်သူ့မျက်နှာကိုတင်းကြပ်စွာကိုင်ထားရင်းအသက်ရှုကြပ်နေတဲ့ကြားကအနမ်းတွေကိုမရပ်ပဲပိုတိုးမိတယ်။

ကျနော်တို့နှစ်ယောက်လုံးအပြန်အလှန်စုပ်ယူနေကြတဲ့လျှာတွေလည်းပူထူပြီးနှုတ်ခမ်းတွေလည်းသားရည်တွေကြောင့်ညစ်ပတ်လာပြီဆိုမှသူ့ဘက်ကစတင်ရပ်လိုက်ပြီးကျနော့်ဆံပင်တွေကိုပွတ်သပ်ကာဖက်ထားပေးတယ်။

သူ့အနမ်းကြောင့်ပထမဆုံးအကြိမ်ဒီအိပ်မက်ဆိုးကြီးကိုအနိုင်ယူနိုင်ခဲ့တယ်။ မမြင်ချင်မကြားချင်တဲ့အရာတွေကိုမမြင်ရမကြားရခင်မှာသူ့ရဲ့အနမ်းကြောင့်မကောင်းတဲ့အတိတ်ကအရာတွေအားလုံးရပ်တန့်သွားခဲ့တယ်။

ဖက်ထားမှုကြောင့်နွေးထွေးနေတဲ့သူ့ရင်ခွင်ထဲမှာပဲကျနော်အိပ်ပျော်သွားခဲ့တယ်။

ကျေးဇူးတင်ပါတယ်...ဘယ်သူမှန်းမသိပေမယ့်ကျေးဇူးတင်ပါတယ်...ပြီးတော့..ချစ်လည်းချစ်တယ်........❤️

###

Love in Hate [Season-1+2]Donde viven las historias. Descúbrelo ahora