"Zion..? ဘယ်သူလဲ...?"
"ဘာကိုမေးတာလဲ..? Zion.."
အောက်ကျသွားတဲ့ရေခွက်ထဲကထွက်ကျလာတဲ့ရေတွေကစိုင်းခြေထောက်ကိုတစ်စွန်းတစ်စစွတ်စိုသွားတာကြောင့်အေးစက်နေတဲ့အခန်းထဲစိုင်းကျင်ခနဲဖြစ်သွားရသည်။
တိတ်ဆိတ်နေတဲ့လေထုကြားမှာ Zion ဆီကထူးဆန်းတဲ့တုံ့ပြန်မှုတစ်ခုကြောင့်စိတ်ထဲဇဝေဇဝါဖြစ်နေသည်ကလည်းရှိသည်။
"Zionဆိုတာ..ဘယ်သူလဲ...?"
"Zion လေ.. Zion ကိုပြောတာလေ.."
"ကျွန်တော်..မသိဘူး..."
"ကိုယ့်ကိုရောသိလား..? ကိုယ်ဘယ်သူလဲဆိုတာသိလား..?
"ဟင့်အင်း..မသိဘူး...ဘယ်သူလဲ...?"
"......."
ရင်ဘတ်တည့်တည့်ကိုကားတစ်စီးဒိန်းကနဲဝင်ဆောင့်တိုက်ခံလိုက်ရသလိုအံ့သြမှုကြီးကထိုးနှက်လာတော့သည်။
ကျနေတဲ့ရေခွက်ကိုကမန်းကတန်းကောက်၊စားပွဲပေါ်တင်ပြီးအခန်းထဲမှထွက်ကာဆရာဝင်အခန်းသို့စိုင်းအပြေးသွားတော့သည်။
ချက်ချင်းဆိုသလိုဆရာဝန်ရော Nurse များပါရောက်လာပြီး Zion ကိုမေးမြန်းကာစမ်းသပ်တော့သည်။
စမ်းသပ်နေစဉ်အခန်းအပြင်ထွက်ပေးရန်တောင်းဆိုမှုကြောင့်စိုင်းတစ်ယောက်လူနာခန်းရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာဗျာများနေရသည်။
စိတ်ပူပန်မှုများကုန်တော့မလားမှတ်သော်လည်းပိုကြီးသထက်ကြီးလာရသောစိုးရိ်မ်မှုများကသာစိုင်းကိုကြိုဆိုနေသလိုဖြစ်နေသည်။
မိနစ်ပိုင်းအနည်းငယ်ကြာသောအခါဆရာဝန်များပြန်ထွက်လာပြီးအကျိုးအကြောင်းရှင်းပြခဲ့သည်။
ထိုစကားများကိုစိုင်းနားထောင်ပြီးနောက်ပို၍သွေးပျက်ခဲ့ရသည်။
Zion ဟာတကယ်ပဲအတိတ်မေ့သွားတာဖြစ်ပြီးဦးနှောက်ထဲရှိ Cell များထိခိုက်သွားခြင်းဖြစ်သည်။
ဖြစ်ပျက်ခဲ့ပြီးသောအတိတ်ကအရာများအားလုံးကိုမမှတ်မိနိုင်တော့ပဲသူ့ကိုယ်သူတောင်ဘယ်သူမှန်းမသိတော့တဲ့အထိအခြေနေဆိုးနေခြင်းဖြစ်သည်။

YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]