Zack's POV
Hazel ထွက်သွားပြီးနောက်ဂျွန့်ကိုခိုးကြည့်မိတယ်။ သူ့ပုံစံကတော့အိမ်မှားလာလို့စိတ်ညစ်နေတဲ့ပုံပဲ။
ဒါပေမယ့်ကျနော်ကလည်းအဲ့ဒါကိုမှအခွင့်ကောင်းယူချင်မိတယ်။ သူနဲ့တစ်ခါမှစကားကောင်းကောင်းမပြောဖူးတဲ့အပြင်ဒီလိုနှစ်ယောက်တည်းတစ်ခန်းဆိုတာကလဲကျနော်တို့နှစ်ယောက်အိမ်သာထဲမှာတွေ့တာနောက်ဆုံးပဲ။
အဲ့ဒါကြောင့်သူပြန်မယ်လုပ်တော့မပြန်နဲ့လို့ပြောလိုက်တာ။ အမိန့်ပေးတဲ့လေသံနဲ့ပေါ့ xD
သူ့ဘက်ကနားဝင်ချိုလှတဲ့လင်းပိုင်အသံလိုစူးရှစွာပြောလာတဲ့ "ဘာ" ဆိုတဲ့တုံ့ပြန်မှုကြောင့် hazel တို့သားအမိမကြားခင်ပါးစပ်ကိုထပ်ပိတ်ရပြန်တယ်။
ဒီလောက်ပြောနေတာတောင်အော်ရသေးလားဆိုပြီးစိတ်ကတိုလာတော့ကုတင်ပေါ်ကိုပစ်တင်လိုက်တယ်။ အဲ့လိုပစ်လိုက်တဲ့အချိန်မှာကျနော်သိလိုက်တာကတော့သူ့ခန္ဓာကိုယ်လေးကတကယ့်သေးသေးလေးဆိုတာပဲ။ xD
လက်တစ်ဖက်ကပါးစပ်ကိုပိတ်မြဲပိတ်ထားတယ်။ မအော်နိုင်အောင်လို့လေ 😏 နောက်လက်တစ်ဖက်ကသူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားတယ်။
သူကတော့အရမ်းလန့်သွားပြီးကျနော့်ကိုမောဟိုက်စွာကြည့်နေတယ်။
နဖူးပေါ်မှာလဲချွေးစလေးတွေကစိုလို့~
short pant ဝတ်ထားလို့ထိတွေ့နေရတဲ့သူ့ရဲ့ခြေထောက်လေးတွေကဟိုခေတ်ကဘုရင်မတောင်အရှုံးပေးရလောက်အောင်ဖြူဖွေးကာနူးညံ့လွန်းလှတယ်။
ရုတ်တရက်လန့်သွားလို့ကြည့်နေတဲ့မျက်ဝန်းလေးတွေကကြောင်လေးတစ်ကောင်သဖွယ်~
ပြောချင်ပေမယ့်ပါးစပ်ကိုပိတ်ထားလို့ပြောလို့မရတာကြောင့်ခေါင်းလေးကိုယမ်းကာသူ့ပါးစပ်ကိုပိတ်ထားတဲ့ကျနော့်လက်ကိုလွှတ်ပေးဖို့ပြောနေတာလေးကအသည်းယားစရာ~
ဆံပင်လေးတွေကမဖြီးပဲထွက်လာမှန်းဘယ်လောက်သိသာလဲဆိုတော့နဖူးပေါ်ကိုတစ်ဝက်လောက်ဝဲကျကာဖရိုဖရဲလေးဖြစ်နေတယ်။
မေးစေ့နားကိုရောက်နေတဲ့mask ကလည်းကျနော့်လက်အောက်မှာ~
အတန်ကြာစွာသူ့ရဲ့သဘာဝအလှမှာငေးမောရင်းနောက်လက်ကိုအသာလေးဖယ်ပေးလိုက်တယ်။

KAMU SEDANG MEMBACA
Love in Hate [Season-1+2]
RomansaHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]