အပိုင်း (၃၁)

785 43 7
                                    

ယခုဆိုလျှင်မြန်မာနိုင်ငံတွင်ကျန်ခဲ့သူ Starlight Agency ရှိ Model,Designer နှင့် Manager များထဲမှ John(model),Ken(Designer),and Eric(Manager) တို့ပင်ဖြစ်သောကြောင့်နာမည်ကြီးသည့် Model များမရှိ၍ Agency လည်းအနည်းငယ်ခြောက်ကပ်နေပြီဖြစ်သည်။

တက်သစ်စမှ fan များလာသူ John နှင့်တစ်ချို့သော Model များသာကျန်ခဲ့လေသည်။

အနုပညာအလုပ်သည်ပရိတ်သတ်ရင်ထဲရောက်အောင်ဆွဲဆောင်နိုင်ဖို့ခက်လှပြီးလွတ်လပ်မှုမရှိသောလောကဖြစ်တာကြောင့် ဂျွန့်အတွက်အလုပ်စဝင်ခါစတွင်အနည်းငယ်စိတ်ကျဉ်းကြပ်စရာဖြစ်ခဲ့ပေမယ့် Zion၏ဖြောင့်မတ်သောလမ်းပြမှုတွေကသူ့အား fan တောင့်စေခဲ့သည်။

ရင်နာစရာအတိတ်ကိုမေ့ချင်သောကြောင့်သူငယ်ချင်းဖြစ်သူ၏အကူအညီနှင့် Model လောကထဲဝင်ခဲ့သူဂျွန်သည်ယခုဆိုလျှင်ကွယ်လွန်သွားပြီဖြစ်သောသူ၏အချစ်ဦးကိုလည်းမေ့နိုင်ခဲ့ပြီးငယ်သူငယ်ချင်းနှင့်တွဲနေပြီဖြစ်သည်။

သူ့အပေါ်ဂရုစိုက်စိတ်ရှည်ပေးနိုင်သူ၊အလိုလိုက်လွန်းနိုင်သူ Zion အားသူချစ်မိသွားပြီဖြစ်သော်လည်း Zion တောင်မထိတွေ့ရသေးတဲ့လွန်ကဲတဲ့အထိအတွေ့မျိုးကိုသူအမုန်းဆုံးသူဆီမှရရှိခဲ့သောဖြစ်ရပ်ကိုတော့ရင်အနာဆုံးပင်ဖြစ်သည်။

အရိပ်ဆိုးကြီးသူ့နောက်တစ်ကောက်ကောက်လိုက်နေသလိုဖြစ်ရပ်ဆိုးတွေကိုသာကြုံတွေ့နေရလို့တစ်ခါတစ်လေစိတ်ဖြေဖျောက်ရာစီးကရက်နှင့်သာနှစ်ပါးသွားခဲ့ရသောနေ့များလည်းရှိသည်။

အခုဆိုသူ့ဘေးတွင်အမြဲရှိနေတတ်သော Zion လည်းမရှိတာကြောင့်လုပ်ချင်ရာလုပ်တတ်နေပြီဖြစ်သည်။

မိဘမဲ့တဲ့ကလေးတစ်ယောက်ဟာအမေမျက်ကွယ်မှာလုပ်ချင်ရာလုပ်တတ်ပေမယ့်ကလေးသဘာဝမို့လို့နားလည်ခွင့်လွှတ်လို့ရသေးသည်။ ချစ်သူအဝေးရောက်နေသောကြောင့်လုပ်ချင်ရာလုပ်နေတတ်သောဂျွန်အတွက်တော့အထိန်းအချုပ်မရှိစည်းလွတ်ဝါးလွတ်ဖြစ်နေသည်။

ညတိုင်းဘီယာတွေစီးကရက်တွေကိုအဖော်ပြုပြီး Zion နဲ့ Chat သည်။ တစ်ခါတစ်လေ Video call ခေါ်တတ်ပြီးတစ်ခါတစ်လေဖုန်းပြောကြသည်။

Love in Hate [Season-1+2]Nơi câu chuyện tồn tại. Hãy khám phá bây giờ