စိုင်းလင်းထက်အကြည့်များ ဂျွန့်ဆီမှ တစ်ဖဝါးမခွာပဲ ကြည့်နေသည်။
နှုတ်ခမ်းမှအပြုံးမှာ အသက်မပါ။
Zion ကိုမကျေနပ်သောအကြည့်များဖြင့်ကြည့်နေသော ကိုဇက်ရဲ့အကြည့်များမှာလည်း စူးရှလွန်းသည်။
"ဂျွန် လာ သွားမယ်..."
"ခဏလေး...ကျွန်တော် သူနဲ့စကားပြောချင်လို့..."
ဂျွန့်လက်ကိုဆွဲခေါ်သွားသော ကိုဇက်နောက်ကိုလိုက်ကာ Zion ပြောလိုက်သည်။
ဂျွန် အံ့သြကာကြည့်နေသည်။
"ကျွန်တော် သူနဲ့တွေ့ချင်လို့ အမှီလိုက်လာတာပါ..."
"မင်းကြောင့် သူဆေးရုံတက်ခဲ့ရတာ... မင်းကြောင့် သူ စိတ်ဒဏ်ရာတွေ ရခဲ့ရတာ... အားလုံးမင်းကြောင့်... မင်းသူနဲ့ တွေ့စရာမလိုဘူူး။ ပြန်လိုက်တော့"
ကိုဇက်ဒေါသဖြင့်အော်ပြောလိုက်တော့ ဂျွန် စိတ်မကောင်းဖြစ်သွားသည်။
အားနာသောမျက်ဝန်းများဖြင့် Zion ကို မဝံ့မရဲ ကြည့်နေမိသည်။
"အဲ့လိုမပြောပါနဲ့ ကိုဇက်။ ကျွန်တော် သူနဲ့ခဏ စကားပြောလိုက်ပါ့မယ်...."
"မလိုဘူး..."
သွေးခြေဥနေပြီဖြစ်သော ဂျွန့်လက်ကိုအတင်းဆွဲကာ ကားထဲသို့အားဖြင့် တွန်းထည့်လိုက်သည်။
ကားသော့ခတ်လိုက်သောကြောင့် ဂျွန် ထွက်မရပဲ ပြတင်းပေါက်မှ မှန်ကိုထုကာ အော်နေရုံကလွဲ၍ ဘာမှလုပ်လို့မရဖြစ်နေသည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ"
စိုင်းလင်းထက် မနေနိုင်၍ အနောက်မှလိုက်လာကာ ဝင်ပြောသည်။
"Zion ကိုအဲ့လိုမပြောပါနဲ့"
"အခု မင်းတို့ပြန်လို့ရပြီ...."
ပြောပြီးလှည့်ထွက်သွားသော ကိုဇက်ကျောပြင်မှ Leather Jacket မှာ နက်ပြောင်လွန်းသည်။
ဂျွန် ထိုင်နေသောကားထဲတက်သွားပြီး မောင်းထွက်သွားသော ကားမှမီးခိုးငွေ့များသာ Zion တို့ နားကျန်ခဲ့သည်။
"သွားရအောင် Zion.."
"....."
Zion နှုတ်ဆိတ်ကာ မှင်သက်နေသည်။

ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]