Sai's POV
📲ဘာ? 📲
လေလှိုင်းမှတစ်ဆင့်ပြောနေတဲ့တစ်ဖက်နိုင်ငံကသူဟာ offline ဖြစ်သွားပြီဖြစ်သည်။
ကျွန်တော်ဟာ gay တစ်ယောက်မဟုတ်တဲ့အတွက်ဒီအလုပ်ဟာကျွန်တော့်အတွက်တော့အထူးအဆန်းဖြစ်နေသည်။
ဒါပေမယ့်တစ်ခါတုန်းကအကြွေးတင်ခဲ့ဖူးတဲ့ကျေးဇူးရှင်တစ်ယောက်ရဲ့ခြိမ်းခြောက်မှုကြောင့်ဇေရန်ခဆိုသောသူကိုချဉ်းကပ်ခဲ့ရခြင်းသာ။
ကိုယ့်ကျေးဇူးရှင်ဖြစ်နေလို့သူ့စကားအတိုင်း၊သူ့အမိန့်အတိုင်း၊သူပေးတဲ့ role အတိုင်းကို ကျွန်တော်က play ရတော့မယ့်အနေအထားဖြစ်နေသည်။
-flashback-
ကျွန်တော်ဆယ်တန်းအောင်ပြီးပြီးချင်းဝါသနာပါတဲ့ Fashion Design ကိုသင်ယူဖို့အတွက်တက္ကသိုလ်မတက်ပဲအဝေးသင်သာယူခဲ့တယ်။
သင်တန်းပေါင်းများစွာတက်ပြီး certificate ပေါင်းများစွာရတဲ့အချိန်မှာနိုင်ငံခြားကိုထွက်ဖို့ကျွန်တော် ပါပါးကိုတောင်းဆိုခဲ့တယ်။
မွေးရပ်မြေ"ကလော"ကိုပြန်၍ပါပါးနှင့်မာမားတို့ကိုကျွန်တော် Designer ကောင်းတစ်ယောက်ဖြစ်ချင်ကြောင်းပြောပြခဲ့တယ်။
ဝိုင်စက်ရုံတည်ထောင်ထားတဲ့ပါးကအရှုံးပေါ်နေပြီဖြစ်ကြောင်းကျွန်တော့်အားဝမ်းနည်းစွာပြောခဲ့တယ်။
အဲ့ဒီနောက်မှာတော့ကျွန်တော်လည်းဘာလုပ်ရမှန်းမသိဗျာများနေခဲ့ပြီးရခဲ့တဲ့ certificate တွေကိုသာရင်နာစွာကြည့်နေရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့။
ထိုအချိန်စီးပွားရေးထိုးကျနေပြီဖြစ်တဲ့ပါးရဲ့ဝိုင်စက်ရုံကိုရှယ်ယာဝင်ခဲ့သူတစ်ယောက်ဟာပါးရဲ့အကြွေးတွေအားလုံးကိုပါဆပ်ခဲ့ပြီးကျွန်တော့်ကိုနိုင်ငံခြားတွင်ပညာသင်စေရန်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်တယ်။
ဘာရည်ရွယ်ချက်နဲ့လည်းမသိလို့လွယ်လွယ်နဲ့တော့ကျွန်တော်လက်မခံခဲ့။
ဒါပေမယ့်ပါးကသူဟာကျွန်တော်တို့မိသားစုရဲ့ကျေးဇူးရှင်ဖြစ်ကြောင်းရှင်းပြခဲ့ပြီးနားချခဲ့တာကြောင့်ပါးစကားကိုနားထောင်ပြီးထို့လူ့ရဲ့ထောက်ပံ့မှုကိုခံယူခဲ့တယ်။
ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]