အပိုင်း (၂၀)

1.4K 67 1
                                        

Zack's POV

မြန်မာပြည်ကနေစတင်ထွက်ခွာပြီဖြစ်တဲ့လေယာဉ်ရဲ့ရွေ့လျားမှုကိုခံစားလိုက်ရတယ်။

မှိတ်ထားတဲ့မျက်လုံးတွေကတော့မှိတ်ထားဆဲ...။

သူ့ပုံရိပ်လေးကိုပုံဖော်တွေးရင်းသူကျွန်တော့်ကိုမုန်းတီးစွာဆက်ဆံခဲ့ဖူးတာလေးတွေကိုပြန်မြင်ယောင်မိတော့ရင်ထဲကနာကျင်မှုတွေကတစ်ဆစ်ဆစ်။

New Debut Model Show ညမှာကျွန်တော်သူ့ကိုစတွေ့ခဲ့တယ်။ မိန်းမရှုံးလောက်အောင်လှပြီးချစ်ဖို့ကောင်းနေလို့သူ့ကိုစိတ်ဝင်စားမိတယ်။ နောက်ပိုင်းသူက hazel အမေ့ရဲ့သားဆိုပြီးသိလိုက်ရတော့အမေ့မေတ္တာအောက်မှာကြီးပြင်းလာခဲ့ရတာမဟုတ်တဲ့သူ့ကိုသနားမိတယ်။ ဖိတ်မခေါ်ပဲသူကျွန်တော့်အိမ်ကိုရောက်လာလို့စိတ်လွတ်ပြီးကျူးလွန်မိခဲ့တယ်။

ကျွန်တော့်ရဲ့တစ်ဇွတ်ထိုးဆန်မှုတွေတစ်ဖက်သတ်ဆန်တဲ့အချစ်တွေကသူကျွန်တော့်ကိုမုန်းလာအောင်လုပ်ပေးသလိုဖြစ်သွားမယ်လို့မထင်ခဲ့မိ။

မျက်လုံးဖွင့်ကာပြတင်းပေါက်ကနေအောက်ကမြေပြင်ကျယ်ကြီးကိုကြည့်မိတယ်။

သူအခုနင်းနေတဲ့ဒီမြေပြင်မှာကျွန်တော်ဒီ့ထက်ပိုဆက်ပြီးရှိနေနိုင်မှာမဟုတ်တော့ဘူး။ ဒါပေမယ့်ကျွန်တော်တို့နှစ်ယောက်တွေ့ခဲ့တဲ့ဒီမြေပြင်ကိုနောက်တစ်ကြိမ်ပြန်နင်းခွင့်ရမယ်လို့မျှော်လင့်ရင်း....။

~~~~~

Zion's POV

At Agency

ဒီနေ့ဟာကံမကောင်းသလိုဖြစ်လာသမျှဟာလည်းစိတ်ရှုပ်စရာတွေကြီးပဲ။

ကိုဇက်အပေါ်အားနာမိပေမယ့်ကျွန်တော်လုပ်ပေးနိုုင်တာဘာမှမရှိခဲ့။

ဒီကိစ္စတွေကိုဂျွန်ရောသိသွားပြီလား?

သူကျွန်တော့်ကိုစိတ်မပူဘူးလား..?

သူငယ်ချင်းလို့သာသတ်မှတ်ထားတဲ့သူကဒီလိုအမှန်တရားကိုရုတ်တရက်သိလိုက်ရချိန်မှာကျွန်တော့်ကိုများမုန်းသွားမလားစိုးရိမ်မိတယ်။

ဖုန်းတွေဆက်တိုက်ဆက်နေပေမယ့်မကိုင်ဘူး။

သူ့managerဖြစ်တဲ့သူတောင်ကျွန်တော့်လောက်စိတ်ပူမှာမဟုတ်။ ကျွန်တော်ကသာသူ့ကိုသေမလောက်အရမ်းချစ်နေတဲ့သူဆိုတော့လည်း.....။

Love in Hate [Season-1+2]Where stories live. Discover now