ဆေးရုံဆင်းခါနီးမို့ ပစ္စည်းများထုပ်ပိုးသိမ်းဆည်းနေသည်။
ဆေးရုံခန်းထဲရှိ ပစ္စည်းများကို အစအနပင် မကျန်ပဲ အကုန် သိမ်းဆည်းပြီးသူမှာ Zack ပဲဖြစ်သည်။
Eric ဂျပန်ကို ထွက်သွားပြီးကတည်းက ဂျွန့်ကိစ္စမှန်သမျှကို Zack ပဲ အကုန်လုပ်ပေးသည်။
ယခုလည်း ဆေးရုံကပစ္စည်းများကို ကိုယ်တိုင်သယ် ကိုယ်တိုင် ကားပေါ်တင်ပြီးနောက် ပိုက်ဆံရှင်းကာ ချစ်ရပါသော ဂျွန့်ကိုလက်တွဲခေါ်လာသည်။
ထိုမျှဂရုစိုက်လှသော Zack ကို ဂျွန် လေးစားမိသည်။
လမ်းတစ်လျှောက် ဘာစကားမှမပြောဖြစ်သော်လည်း ဂျွန့်ကို မျက်ခြေမပျက်ကြည့်နေသည်။
နေလို့ကောင်းရဲ့လား မျက်နှာရော ကောင်းရဲ့လား ပျော်များပျော်ရဲ့လား စသဖြင့် အတွေးများတန်းစီကာ တစိမ့်စိမ့်ကြည့်နေတော့သည်။
ဂျွန်ကတော့ ဆေးဆေးပင် နေနိုင်လွန်းသည်။
ထို့နောက် Hotel ကိုခေါ်လာပြီးအခန်းထဲတွင် နားစေသည်။
"ဂျွန် ဘာစားချင်လဲ.. ကိုယ်မှာပေးမယ်.."
ဆိုဖာတွင် ထိုင်နေသောဂျွန့်ကို ခပ်လှမ်းလှမ်းမှနေ၍ မေးလိုက်သည်။
"ဘာမှမစားချင်ပါဘူး.. ရပါတယ်..."
"အားဖြစ်အောင် တစ်ခုခုတော့ စားမှပေါ့..မဟုတ်ရင် နေမကောင်း ပြန်ဖြစ်လိမ့်မယ်နော်.."
ကလေးတစ်ယောက်ကို ချော့ကာပြောနေသလို ပုံစံနှင့် Zack သည် Zack နှင့်မတူလောက်အောင် ကွဲပြားနေသည်။
"ကိုဇက် ဘာလို့ ကျွန်တော့်ကို အဲ့လောက် ဂရုစိုက်နေတာလဲ.. ဒီတိုင်းပစ်ထားလိုက်ပါလား.. ကျွန်တော်က ကိုဇက်ကို မုန်းတဲ့သူဆိုတာ မသိဘူးလား.."
ဂျွန် စကားဆုံးပြီးနောက် ဂျွန့်နားကို လာကာ ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။
ထို့နောက် ဂျွန့်လက်ကလေးကို ကိုင်ပြီး
"အဲ့ဒါတွေအားလုံးက ကိုယ်မင်းကို ချစ်လို့ဆိုတာကို မေ့နေတာလား.. မသိချင်ယောင်ဆောင်နေတာလား ဂျွန်"

YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]