အပိုင်း (၂၇)

977 52 9
                                    

ချမ်းအေးလွန်းတဲ့ရာသီဥတုကြောင့်ခြောက်သွေ့နေတဲ့စိုင်းရဲ့နှုတ်ခမ်းနှစ်လွှာကိုပထမဦးစွာစိုစွတ်မှုပေးလိုက်သူမှာဇေရန်ခဖြစ်သည်။

အချိန်အတန်ကြာစုပ်ယူနေပြီးနောက်စိုင်းဘက်ကလည်းတုံ့ပြန်လာတော့လေသည်ကိုဇေရန်ခလက်လွှတ်မခံပဲအနမ်းတွေကိုပို၍တိုးမိသည်။

စိုင်းကဇေရန်ခရဲ့ကျောပြင်တစ်ဝိုက်ပွတ်သပ်နေပြီးဇေရန်ခကတော့စိုင်းရဲ့ရင်ဘတ်တစ်လျှောက်ကိုဆော့ကစားနေတော့သည်။

ရေချိုးခန်းထဲတွင်သူတို့နှစ်ယောက်လုံးရဲ့အနမ်းကြမ်းတွေကအပြင်မှာအာငွေ့ထွက်လောက်အောင်အေးနေတဲ့ရာသီဥတုနဲ့မလိုက်ဖက်စွာပူလောင်နေလှသည်။

ခဏအကြာမှဇေရန်ခအသိစိတ်ပြန်ဝင်လာပုံရသည်။

"အာ...sorry...စိုင်း.."

"..."

"စိုင်းပဲအရင်ချိုးနှင့်လိုက်တော့.."

တောင်းပန်စကားပြောကာရေချိုးခန်ထဲမှလျင်မြန်စွာဖြင့်ဇေရန်ခထွက်သွားတော့သည်။

ပြောစရာစကားများမရှိတဲ့စိုင်းမှာတော့ရေချိုးခန်းထဲတွင်ဆွံ့အစွာနှင့်သာကျန်ခဲ့လေတော့သည်။

2nd day of Fiordland

"စိုင်း..ကိုယ်မနေ့ကအတွက်တကယ်တောင်းပန်ပါတယ်...မထင်မှတ်ပဲ..."

"ရပါတယ်..."

တောင်းပန်စကားကိုအထပ်ထပ်အခါခါပြောနေသည့်ဇေရန်ခစကားတွေကိုစိုင်းစိတ်မရှည်သည့်ဟန်ဖြင့်အဆုံးထိနားထောင်မနေတော့ပဲပြောလိုက်သည်။

"omm..."

"ဒီနေ့ကျနော်တို့ပင်လယ်ဘက်ကိုသွားကြမယ်မလား..?"

"omm စိုင်းသဘောလေ..."

"ဟုတ်.."

ဇေရန်ခဘာလို့စိုင်းကိုစနမ်းမိလည်းဆိုတာကိုသူကိုယ်တိုင်လည်းနားမလည်နိုင်သေးပဲအကြိမ်ကြိမ်စဉ်းစားနေမိသည်။

ဘာလို့စိုင်းဘက်ကလည်းသူ့အနမ်းတွေကိုတုံ့ပြန်လာလည်းဆိုတာကိုလည်းအကြိမ်ပေါင်းများမရေတွက်နိုင်အောင်စဉ်းစားခဲ့သော်လည်းအဖြေရှာမရခဲ့ပေ။

Love in Hate [Season-1+2]Où les histoires vivent. Découvrez maintenant