Zack's POV
ဒီနေ့ကျနော်အလုပ်နားတာကြောင့်ဘယ်မှမသွားပဲတစ်နေကုန်အိမ်မှာပဲအနားယူနေလိုက်တယ်။ အပြင်သွားရင်လည်းသတင်းတွေထွက်မှာစိုးတာကြောင့်ကိုယ့်ဘာသာအိမ်မှာပဲတစ်နေကုန်နားနားနေနေနဲ့ပေါ့။
ညနေစောင်းလို့ hazel တို့သားအမိနှစ်ယောက်ပြန်လာတော့ကျနော်အခန်းထဲဝင်သွားလိုက်တယ်။ သူ့အမေကတော့ဘာမှမဖြစ်ပေမယ့် hazel နဲ့စကားမပြောချင်တာကြောင့်....ရှင်းရှင်းပြောရမယ်ဆို သူနဲ့လမ်းခွဲဖို့တစ်နေကုန်အိမ်မှာစဉ်းစားနေခဲ့တာ...ကျနော့်ကိုအခုချိန်ထိလွတ်လပ်မှုမပေးသေးပဲသူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ကျော့ကွင်းထဲမှာပဲသိမ်းပိုက်ထားတာကြာလာတော့မွန်းကြပ်လာပြီ...တစ်ခါတစ်လေလည်းလွတ်လပ်ခွင့်ကိုရချင်တယ်....model ဖြစ်တာကြောင့်လွယ်လွယ်နဲ့အပြင်ထွက်လို့မရလို့မလွတ်လပ်သလိုသူကကျနော့်ရဲ့ manager ဖြစ်နေတာကြောင့်ဒီအလုပ်ကနေရုန်းထွက်လို့မရသေးဘူး...။
ဒီလိုနဲ့ပဲကျနော်zackတစ်ယောက်သူနဲ့နေလာတာအချိန်တွေလည်းကြာခဲ့ပြီ။ ဒါပေမယ့်တစ်ခါမှကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ အခုလည်းကျနော်ထမင်းစားဖို့အခန်းထဲကထွက်လာတော့ဧည့်ခန်းမှာထိုင်နေတဲ့သူကကျနော့်ဆီကိုလာပြီး....
"ကိုဇက် mommy ခေါ်နေတယ် မီးဖိုချောင်ထဲမှာ"
"ommx"
ဘာပြောမှာလဲဆိုတာတော့မသိပေမယ့်ကိုယ်ကလည်းထမင်းစားဖို့မီးဖိုချောင်ထဲကိုသွားမှာဆိုတော့အတော်ပဲပေါ့...။
ရောက်တော့ထမင်းစားစားပွဲမှာစောစောစီးစီးသောက်နေလေရဲ့။
ကျနော်သူ့ရှေ့ရောက်တော့ဆိုင်းမဆင့်ဘုံမဆင့်...
"သား...ဟိုနေ့ကကောင်လေးကလေ..."
ဟိုနေ့ညကလည်းမေးပြီးပြီ...ဂျွန့်အကြောင်းကို...အခုလည်းမေးပြန်ပြီသူ့အကြောင်းပဲ....
"အန်တီ...ဘာလို့သူ့အကြောင်းတွေပဲမေးပြီးသောက်နေတာလဲ???"
"ဘာလို့လည်းဆိုတော့...သူကငါ့သားဖြစ်နေလို့ပဲ"
"ဘာ?"
သား? သားတဲ့လား? ဂျွန်ကသူ့သားတဲ့လား?
ВЫ ЧИТАЕТЕ
Love in Hate [Season-1+2]
Любовные романыHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)