ဂျွန်'s POV
ခံစားချက်များမျိုသိပ်ကာအရှိန်ပြင်းစွာနဲ့မောင်းနှင်လာတဲ့ကားကနောက်ဆုံးတော့zionအိမ်ရှေ့ကိုဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။
တစ်နေကုန်စဉ်းစားဆုံးဖြတ်ထားတဲ့ခံစားချက်တွေကိုအခုချိန်မှာအရမ်းဖွင့်ချချင်နေပြီလည်းဖြစ်သည်။
အခုချိန်မှာကျွန်တော်zion့ကိုကိုယ်ချင်းစာမိသည်။ ကျွန်တော်တောင်တစ်နေ့တည်းစဉ်းစားရုံနဲ့ဖြစ်တည်လာတဲ့ခံစားချက်အသေးအမွှဲလေးကိုမျိုသိပ်ထားရလို့ရင်ထဲမှာပြည့်နှက်နေသလိုဖြစ်နေတာ...နှစ်ပေါင်းများစွာဖွင့်မပြောပဲဖုံးကွယ်ပြီးနေခဲ့တဲ့ zion့လိုသာဆို...ကျွန်တော်သေသွားမလားပဲ...။
ဒီအတောအတွင်းသူ့ရှေ့မှာတင်ကျွန်တော်ယမင်းကိုတွဲခဲ့သေးတယ်။ ဒါကိုလည်းအပြုံးတစ်ချက်မပျက်ဟန်ဆောင်ကောင်းစွာနဲ့ဂုဏ်ပြုပေးခဲ့သေးတာ...သူကျွန်တော့်ကိုဒီလောက်ချစ်နေတာတောင်...ယမင်းနဲ့အဆင်မပြေတဲ့အခါကူညီပေးခဲ့သေးတာ...ကိုယ်ချစ်တဲ့သူကတခြားတစ်ယောက်နဲ့ချစ်ကြိုက်နေတာတောင်ဟန်မပျက်မျက်နှာတစ်စက်မမဲ့ပဲအနားမှာအမြဲနေပေးခဲ့တာ...zion ကအဲ့လောက်သရုပ်ဆောင်ကောင်းတယ်...သူရင်ထဲမှာဘယ်လောက်ပဲပူလောင်ကြေကွဲနေပါစေ...ကျွန်တော်သူ့ကြောင့်စိတ်ဆင်းရဲရအောင်သူဘယ်တော့မှမလုပ်ခဲ့ဘူး...။
ကျွန်တော်သူ့ကိုမုန်းသွားမှာစိုးလို့..သူ့ခံစားချက်တွေကိုဖုံးကွယ်ခဲ့တာ...သူကကျွန်တော်သူ့ကိုပြန်မချစ်မှာထက်မုန်းမှာကိုကြောက်တတ်တဲ့ကျွန်တော့်ကိုအဲ့လောက်ချစ်တဲ့သူ....။ အဲ့ဒါကြောင့်လည်းကျွန်တော်သူ့ကိုချစ်မိသွားတာထင်ပါရဲ့။
တိုက်ရှေ့ကိုဆိုက်ရောက်လာပြီဖြစ်တဲ့ကျွန်တော့်ကားကိုစက်သတ်ကာကားပေါ်မှဆင်း၍တိုက်ထဲသို့အမြန်ပြေးဝင်သွားလိုက်သည်။ ဓာတ်လှေကားကိုအမြန်ဆုံးခေါ်ကာသူ့အခန်းရှိရာ၉လွှာဆီသို့....။
အခန်းရှေ့ရောက်တော့တံခါး lock ချမထားတာကိုတွေ့ပြီးကျွန်တော်ပျော်သွားတယ်။ ဘီးတပ်မထားပါပဲနဲ့automaticလိမ့်နေပြီဖြစ်တဲ့ကျွန်တော့်ခြေလှမ်းတွေကသူ့အိပ်ခန်းဆီသို့.....။
ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]