အပိုင်း (၃၆)

791 46 3
                                        

"အားးးးး.....!!!!!!!!!!"

"Ken Ken!! ဘာဖြစ်တာလဲ..!?"

"အား... အား... မဟုတ်ဖူး !!! မဟုတ်ဖူး...!!!!"

"Ken ဘာဖြစ်တာလဲ..!? အိပ်မက်မက်နေတာ..!! ထတော့..!!"

"အား.... ငါ့နားမလာနဲ့..!! မလာနဲ့...!!!!"

"Ken ထတော့!!! Ken!!"

Eric လှုပ်နှိုးမှချွှေးသံရဲရဲနှင့် Ken လန့်နိုးလာကာမောဟိုက်စွာဖြင့်ဘေးဘီကိုကြည့်လိုက်သည်။

"အိပ်မက်မက်နေတာ Ken...!!!"

"ဟင့်အင်း..!! မဟုတ်ဖူး...!!! ကျနော်က Stateless..!!"

"Ken ဘာတွေပြောနေတာလဲ..? အိပ်မက်မက်နေတာပါဆို.."

"......"

ထိုနေ့ညကစပြီး Ken ဟာညတိုင်းနီးပါးအိပ်မက်ဆိုးတွေမက်ပြီးကယောင်ကတန်းထအော်တတ်လာသည်။

ညတိုင်းလိုလို Eric က Ken အားပွေ့ဖက်၍ချော့သိပ်ရသည်။ တစ်ခါတစ်ရံအိပ်မက်မဟုတ်ပဲအပြင်မှာပါကယောင်ခြောက်ချားထအော်တတ်လို့ Eric စိတ်ပူလာသည်။

တစ်ပတ်ခန့်ကြာသောအခါ~

("သူကငယ်ငယ်လေးကတည်းကသူများနိုင်ငံများအခက်အခဲတွေနဲ့ကြုံခဲ့ရတော့....စိတ်ဝေဒနာထိခိုက်နေတာ.. သူ့ကိုယ်သူ Stateless လို့ခံယူထားတဲ့ထင်ယောင်ထင်မှားတစ်ခုကိုလည်းသားကပဲရှင်းပြပေးလိုက်ပါ.. ဒါမျိုးကမြန်မာနဲ့နိုင်ငံခြားသားရလို့မွေးလာတဲ့ကလေးအများစုနီးပါးလောက်မှာဖြစ်တတ်ပါတယ်.. သူတို့ကိုယ်သူတို့ဘယ်နိုင်ငံသားမှန်းမသိပဲထင်ယောင်ထင်မှားဆိုတဲ့ illusion တစ်ခုကစိတ်ရောဂါအဖြစ်ဝင်ရောက်လာတတ်တယ်.. အထူူးသဖြင့် Ken ကဂျပန်မှာသူ့အဖေဂျပန်လူမျိုးကိုယ်တိုင်ကအမေနဲ့ကွာရှင်းခဲ့တာကိုအရွယ်မရောက်သေးခင်မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာကြောင့်ရော သူ့အစ်ကို Kamiya Kaito ကလည်းသူငယ်ငယ်ကတည်းကဆုံးသွားခဲ့တာကြောင့်ရောဆိုတော့သူ့စိတ်ဝေဒနာကအခုချိန်မှာပိုဆိုးလာတာ.....)

ဆရာဝန်ပြောခဲ့သောစကားများကိုပြန်လည်စဉ်းစားနေရင်းကားပေါ်မှ Eric ဆင်းလာလိုက်သည်။

ဒီနေ့ Agency မှာပွဲတစ်ခုရှိတာကြောင့်ဂျွန့်အတွက်ပြင်ဆင်စရာရှိတာများကိုပြင်ဆင်ပေးရဦးမည်ဖြစ်သည်။

Love in Hate [Season-1+2]Место, где живут истории. Откройте их для себя