အပိုင်း (၈)

1.9K 107 11
                                    

zion ကကျနော့်နဲ့တွေ့ချင်လို့တဲ့လား

မဖြစ်နိုင်တာ...

နားကြားမှားတာနေမှာပါ...

ကျနော့်ဘက်ကဘာမှတုံ့ပြန်ခြင်းမရှိကြောင်ကြည့်နေတော့သူ့ခြေလှမ်းတွေကျနော့်ဆီဦးတည်တာပိုမြန်လာတယ်

"အကို.."

ဒီလိုခေါ်လိုက်တယ်ဆိုတော့သူတကယ်ပဲကျနော့်ကိုတွေ့ချင်နေတာလား...?

"ဗျာ...ဟို... ဂျွန်တော့မရှိဘူး...zion"

သူမျက်နှာပျက်သွားတယ်...ဘာလို့လဲ...??? ကျနော်သူ့ကိုခင်တာဂျွန့်ကြောင့်လို့များထင်နေလို့လား...???

"ကျနော်ဂျွန့်ကိုတွေ့ဖို့လာတာမဟုတ်ဖူးအကို...."

ဂျွန့်ကိုတွေ့ဖို့လာတာမဟုတ်ဖူးတဲ့လား...??အဲ့တာဆို...?? တကယ်ပဲကျနော့်ကိုတွေ့ဖို့လား..??

"....အာ့ဆို..??"

"အကို့ကိုပြောစရာရှိလို့..."

ပြောစရာရှိတယ်?ကျနော့်ကို? သူနဲ့ကျနော်ကြားမှာဘာပြောစရာရှိလို့ပါလိမ့်🤔

"အွန်း ပြောလေ...zion"

"မနေ့ကလိုက်ပို့တဲ့အတွက်ကျေးဇူးတင်ပါတယ် အကို"

အော်...အဲ့တာပြောမလို့လား...??ကျနော့်မှာတော့စိတ်တွေလှုပ်ရှားနေလိုက်ရတာ...ကျနော့်ကိုယ်စောင့်နတ်ကတော့ကျနော့်ကိုလှောင်ရယ်နေတော့မှာသေချာတယ်.... ရှက်လိုက်တာပါဗျာ...

"ရပါတယ် zion အချင်းချင်းတွေပဲ"

"ဟို....အဲ့တာလေ...ကျနော်..."

ငိ...ဘာတွေများစိတ်လှုပ်ရှားအောင်လုပ်ဦးမလို့လဲကွာ... မင်းပါးစပ်ကပြောလာမယ့်စကားကိုနားထောင်ဖို့စောင့်နေရတာဆယ်တန်းအောင်စာရင်းထက်ဆိုးပါတယ်... စိတ်တွေလှုပ်ရှားလို့သေတော့မယ်...ကိုယ့်ဘက်ကပဲတစ်ဖက်သက်ဖြစ်နေလို့လား...???

"အဲ့တာလေ...ဟို....ဒီနေ့နေ့လည်ကျနော်တို့နားကစားသောက်ဆိုင်မှာတွေ့ရအောင်...အကို.."

ဟုတ်ပြီ!! ဒါအခွင့်ကောင်းပဲ...သူ့ဖုန်းနံပါတ်ယူပြီးသူနဲ့ပိုရင်းနှီးအောင်လုပ်ရမယ်...အစတော့အိုက်တင်ခံငြင်းထားဦးမှ....

Love in Hate [Season-1+2]Nơi câu chuyện tồn tại. Hãy khám phá bây giờ