Zack's POV
hazel ပို့လာတဲ့ message ပေါင်းများစွာကိုကျွန်တော်တစ်ခါမှဝင်မကြည့်ခဲ့ဘူး။
ဒါပေမယ့်ဒီတစ်ခါတော့စိတ်ထင့်နေတာကြောင့်ဝင်ကြည့်မိတယ်။
စိတ်ထဲဇနိုးဇနောင့်ဖြစ်နေလို့ဝင်ကြည့်မိကာမှသူပို့ထားတဲ့ပုံတွေကြောင့်ဒေါသမီးလျှံတို့ထွန်းလင်းလာရတယ်။
မြင်လိုက်ရတဲ့ပုံတွေကဂျွန်နဲ့zionဖက်နေတာတွေ၊နမ်းနေတာတွေကိုခိုးရိုက်ထားတဲ့ပုံတွေ။
နေရာကလည်းအိပ်ခန်းထဲမှာဆိုတော့ဒါhazelရိုက်တာမဖြစ်နိုင်ဘူး။
တစ်ယောက်ယောက်ကိုပိုက်ဆံပေးပြီးနောက်ယောင်ခံလိုက်ခိုင်းတာပဲဖြစ်နိုင်တယ်။
hazelကကျွန်တော်ဂျွန့်အပေါ်မှာမရိုးသားတာသိနေတာပဲ။
လည်လည်ဝဲဝဲပါးနပ်တဲ့မိန်းမတစ်ယောက်ဖြစ်တော့ဒါလေးလောက်ကတော့သူ့အတွက်အပျော့စားပေါ့။
ကျွန်တော်ဂျွန့်ကိုဘယ်လောက်ထိချစ်သွားမိလည်းဆိုတာကိုယ့်ကိုကိုယ်အသိဆုံး။
ဒါပေမယ့်သူကကျွန်တော့်ကိုသေလောက်အောင်မုန်းတီးနေမှတော့ဘာတတ်နိုင်မှာလဲ။ အဝေးကနေချစ်နေရရုံကလွဲလို့ပေါ့။
အခုကျွန်တော့်အဆင့်ကအဝေးကနေချစ်နေရတာထက်တောင်နိမ့်သွားပြီထင်တယ်။
သူကတခြားသူရင်ခွင်ထဲမှာပျော်ပါးနေပြီးအချစ်စစ်ကိုလည်းရှာတွေ့သွားပြီထင်ပါရဲ့။
ကျွန်တော်ကတော့......
"ကိုဇေ!!"
ရုံးခန်းထဲတွင်တစ်မှိုင်မှိုင်နှင့်ဖုန်းထဲကပုံတွေကိုကြည့်နေရာကတံခါးခေါက်ပြီးဝင်လာတဲ့စိုင်း....
"omm"
"ကျွန်တော်နဲ့စက်ရုံမလိုက်ဖူးလား?"
"မလိုက်ချင်ဘူးကွာ.."
"ဟာ! မလိုက်ချင်လို့မရဘူးလေဗျာ..company လာပြီးဒီလိုထိုင်နေလို့ရမလား?"
"မင်းကဘာမို့လို့ငါ့ကိုအမိန့်တွေလာပေးနေတာလဲ?"
"....."
ကျွန်တော်တစ်ချက်ဟောက်လိုက်တော့သူ့မျက်နှာလေးငယ်ကျသွားတယ်။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)