အပိုင်း (၃၂)

714 49 4
                                        

📱ဘာ? 📱

📱 ကျနော်တောင်းပန်ပါတယ်... 📱

📱 နင့်ဆီကတောင်းပန်စကားကိုကြားချင်နေတာမဟုတ်ဖူး! နင့်လုပ်ရပ်တွေဖြစ်မြောက်တာကိုပဲမြင်ချင်တာ!!!! 📱

📱 ဒါပေမယ့်အဲ့လိုလုပ်ရပ်မျိုးကိုတော့ကျနော်ဘယ်တော့မှမလုပ်နိုင်ဘူး.... ကိုဇေနာကျင်သွားမှာကိုမလိုလားဘူး... အဲ့ဒီအတွက်ကျနော်တောင်းပန်ပါတယ်...ဘာမှဆက်မလုပ်ပေးနိုင်တော့တဲ့အတွက်..... 📱

📱 ငါ့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီးမှ..... အခုမှနင်က...."တောက်!!!!" စိုင်းလင်းထက်!!! နင်ငါ့စကားကိုလွန်ဆန်လို့ရမယ်ထင်နေလား..?ဟမ်? 📱

📱 ဟုတ်တယ်.. ကျနော်တစ်သက်လုံးကမလွန်ဆန်ခဲ့ဘူး..ဒါပေမယ့်အခုတော့လွန်ဆန်ရလိမ့်မယ်...ကိုဇေ့ကိုနာကျင်မှုတွေပေးမယ့်အစားကျနော်ပဲခံလိုက်မယ်!!📱

📱 ဟက်! အခုမှသတ္တိတွေရှိနေပါလား..? နင်ငါခိုင်းတာမလုပ်ရင် ကလော မှာရှိတဲ့နင့်အဖေစက်ရုံဘာဖြစ်သွားမယ်ဆိုတာသိတယ်မလား..? haha.. 📱

📱 "တောက်!" ခင်ဗျားတော်တော်ယုတ်မာတာပဲ... ဒါခင်ဗျားရဲ့ကလိမ်ကကျစ်ညဏ်တွေအကုန်ပဲလား..? ရှိသေးလား...? ရှိသေးရင်ထပ်ပြောကြည့်စမ်းပါ... ခင်ဗျားဆီကကောက်ကျစ်ပုံလေးတွေသိရတာပေါ့ 📱

📱 စိုင်းလင်းထက်!!! နင်ငါ့ကိုဘာလေသံနဲ့ပြောနေတာလဲ..? ငါကနင်တို့မိသားစုရဲ့ကျေးဇူးရှင်ဆိုတာမေ့နေပြီလား..? အခုချက်ချင်းနင့်လေသံတွေကိုပြင်လိုက်စမ်း! ငါ့ကိုကလန်ကဆန်လာမပြောနဲ့! ငါခိုင်းတာသာအဆုံးထိလုပ်...!! အေး.. နင်မလုပ်နိုင်ဘူးဆိုရင်တော့နင့်အဖေစက်ရုံလည်းဆုံးမှာပဲ!!! 📱

*Call end*

ကျေးဇူးရှင်မှာလည်းဒီလိုယုတ်မာတဲ့ညဏ်တွေရှိတာပဲလား...? ကျွန်တော်မထင်ခဲ့ဘူး.... ကျွန်တော့်မိဘ...ကျွန်တော်.. ကျွန်တော်တို့ဘဝကြီးကို... မိုးဟေဇယ်လ်ဆိုတဲ့မိန်းမလက်ထဲမှာအပ်ခဲ့မိတဲ့အမှားဟာ.... ကျွန်တော်ချစ်တဲ့သူကိုပါနာကျင်စေလိမ့်မယ်လို့... မထင်ထားခဲ့ဘူး....

-----------------------

စီးကရက်အငွေ့တွေနဲ့ပြည့်နေတဲ့အိပ်ခန်းဟာ "ည" ဆိုတဲ့အမှောင်ထုနဲ့အတူတိတ်ဆိတ်မှုတွေလွှမ်းမိုးနေပြီးအနည်းငယ်ဖွင့်ထားတဲ့ပြတင်းပေါက်မှမြင်နေရသောကြယ်လေးတွေကသာအထီးကျန်နေတဲ့ကိုယ့်ကိုလှောင်ရယ်နေသလိုဂျွန့်စိတ်ထဲခံစားနေမိသည်။

Love in Hate [Season-1+2]Où les histoires vivent. Découvrez maintenant