အပိုင်း (၃၉)

691 39 4
                                    

ပွဲအတွက်ပြင်ဆင်စရာရှိတာများအားလုံးပြင်ဆင်ပြီးနောက် Manager တစ်ယောက် Zion အားလာခေါ်တော့သည်။

Stage စင်ပေါ်တက်ဖို့ဟာ Zion အတွက်ပထမဆုံးမဟုတ်သော်လည်းသူများနိုင်ငံကစင်ပေါ်တက်ရမှာတော့ဒါပထမဆုံးဖြစ်သည်။

ကိုယ့်နိုင်ငံမှာအောင်မြင်လာခဲ့သောသက်တမ်းများလာသောကြောင့်ယခုလိုနိုင်ငံရပ်ခြားတွင်ပါအောင်မြင်စပြုနေပြီဖြစ်သော Zion သည်ပထမဆုံးသော New Zealand ရှိ Variety Show အစီစဉ်တွင်ပထမဆုံးပါဝင်ရတော့မည်ဖြစ်သည်။

Manager ခေါ်ရာနောက်စိတ်လှုပ်ရှားစွာလိုက်လာပြီးစောနကဖြစ်ခဲ့သောကို့ယို့ကားယားဆန်သည့်အဖြစ်တစ်ခုအားအမှတ်မထင်တွေးလိုက်မိသည်။

*လွန်ခဲ့သောမိနစ်ပိုင်းအနည်းငယ်ခန့်က*

"Zion ရလား..?"

"နည်းနည်းကြပ်နေတာ.."

"ခဏ.. ကြည့်ကြည့်မယ်..."

ဘောင်းဘီ Zip တပ်ရမည့်နေရာသို့တုံ့ဆိုင်းခြင်းမရှိစိုင်း၏လက်သည်ချက်ချင်းဆိုသလိုရောက်လာသည်။

ပွဲအတွက်နှောင့်နှေးမှာရော၊ကိုယ်ပြင်ဆင်ပေးထားသည့် Fashion အဆင်မပြေမှာရောကြောင့်ယောကျင်္ားလေးအချင်းချင်းရှက်မနေတော့ပဲအလျင်စလိုလုပ်ပေးချင်မိသည့်စိုင်း၏စိတ်ကြောင့်ဖြစ်သည်။

သို့သော် Zion အတွက်တော့ရုတ်တရက်မို့အနည်းငယ်လန့်သွားသယောင်ရှိသည်။

စိုင်းကိုကြည့်လိုက်သော်လည်းစိုင်းကတော့ဘောင်းဘီကိုပဲအာရုံစိုက်နေတာကိုတွေ့လိုက်ရသည်။

"အာ... ကိုစိုင်း.."

"ဘာလို့လဲ...Zion..?"

"မဟုတ်ပါဘူး.... ဒီတိုင်း.."

ချွေးသီးလေးများအနည်းငယ်စို့နေသောနဖူးပြင်ဖွေးဖွေးအား LED အလင်းရောင်အောက်တောက်ပစွာမြင်နေရသည်။

အဆင်မပြေမှာစိုးရိမ်နေမိသောမျက်နှာ Expression ကိုလည်းဤချွေးစေးများအောက်ရောင်ပြန်ဟပ်စွာမြင်နေရပြန်သည်။

ကိုယ့် Model အတွက်စိတ်ပူပေးနေမိသော Designer ကောင်းတစ်ယောက်၏ပုံရိပ်အားလည်းယခုလိုပထမဆုံး Zion မြင်တွေ့ခဲ့ရသည်။

Love in Hate [Season-1+2]Hikayelerin yaşadığı yer. Şimdi keşfedin