အပိုင်း (၂၅)

943 51 1
                                        

Zion Linn's POV

ဘယ်လိုနည်းနဲ့လျင်မြန်စွာရွေ့လျားနေမှန်းမသိတဲ့အချိန်တွေကကျွန်တော်နဲ့ဂျွန်ရဲ့ချစ်သူသက်တမ်း ၃ လပြည့်ပြီဆိုတာကိုသက်သေပြလိုက်တယ်။

အချိန်တွေကစီးဆင်းသွားတဲ့ရေအလားလျင်လျင်မြန်မြန်ဖြတ်သန်းသွားခဲ့တယ်။

နှစ်ပေါင်းများစွာချစ်လာရတဲ့သူနဲ့ချစ်သူဖြစ်ခွင့်ရရင်ပျော်ရွှင်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမယ့်ကျွန်တော်မှားသွားခဲ့တယ်။ သူနဲ့တွဲလာတဲ့ဒီ ၃ လအတွင်းမှာတစ်စက်မှမပျော်ခဲ့ရဘူး။ အကြောင်းပြချက်ကိုကျွန်တော်မသိဘူး။

သူ့ဘက်ကကျွန်တော့်ကိုမရိုးနို်ုင်လောက်အောင်နွေးထွေးတဲ့အကြင်နာတွေပေးနေတာတောင်မှကျွန်တော့်စိတ်ထဲမှမပျော်ရွှင်ခဲ့ဘူး။

သူကကျွန်တော်ငယ်ငယ်လေးကတည်းကချစ်လာရတဲ့ကျွန်တော့်ရဲ့အချစ်ဦးပဲ။ အခုချိန်ထိသူ့ကိုအရမ်းချစ်နေသေးတယ်။ ကိ်ုယ့်လက်တွဲဖော်အဖြစ်ဘေးမှာထားထားနိုင်ပြီးတဲ့အချိန်ရောက်မှဘာလို့ကျွန်တော်ကမပျော်နိုင်ရတာလဲ..?

လူတိုင်းကကိုယ်ချစ်တဲ့သူကိုယ့်ဘေးမှာရှိနေရင်သေမတတ်ပျော်ကြတယ်။ အဲ့ဒီပျော်ရွှင်မှုကဘာနဲ့မှမတူဘူး။ ဒါပေမယ့်ကျွန်တော်ကကျတော့ဘာလို့အဲ့ဒီလိုပျော်ရွှင်မှုကိုခံစားခွင့်မရရတာလဲ..?

ကိုယ်နှစ်ပေါင်းများစွာချစ်လာရတဲ့သူကအခုကိုယ့်ဘေးမှာရှိနေတာကပျော်ရွှင်မှုတစ်ခုပဲမဟုတ်ဖူးလား? ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်ချစ်ရင်ပျော်ကြမှာပဲမဟုတ်လား..? ဒါပေမယ့်...ကျွန်တော်ကျတော့...? ကျွန်တော်ကျတော့ဘာလို့အဲ့ဒီလိုမပျော်ရွှင်နေနိုင်ရတာလဲ..?

ဟိုတစ်ခါကိုဇက်နဲ့သတင်းတွေထွက်ပြီးနောက်မှာကအိမ်ကသိသွားမှာကိုကလေးတစ်ယောက်လိုသေမတတ်ကြောက်နေတဲ့ကျွန်တော့်ကိုဂျွန့်ရဲ့ manager ဖြစ်သူ ကိုeric ကနှစ်သိမ့်ခဲ့တယ်။

အဲ့ဒီတုန်းကအဖြစ်အပျက်ကိုကျွန်တော်အခုချိန်ထိသတိရသေးတယ်။ ကျွန်တော့့်ဘေးနားမှာဘယ်သူမှမရှိချိန်ကျွန်တော်အလိုရှိခဲ့တဲ့သူကဂျွန်တစ်ယောက်တည်းပဲ။ ဒါပေမယ့်ဂျွန်မဟုတ်တဲ့ ကိုeric ကကျွန်တော့်ဘေးရောက်လာတယ်။ ကိုယ်အလိုမရှိတဲ့သူကကိုယ့်ဘေးမှာလာပြီးနှစ်သိမ့်ပေးခဲ့တဲ့သူ့ရဲ့အပြုအစုတွေထဲမှာကျွန်တော်ပျော်ဝင်သွားခဲ့တယ်။

Love in Hate [Season-1+2]Место, где живут истории. Откройте их для себя