အပိုင်း (၂) ပြန်လည်ဆုံစည်းခြင်း
မာယာများတဲ့ တိမ်တိုက်တွေ။
ပြတင်းပေါက်မှန်ကတစ်ဆင့် မြင်နေရတဲ့ ဖြူစင်တဲ့ တိမ်တိုက်တွေကို အကြောင်းပြချက်မရှိ အပြစ်တင်မိပြန်သည်။
သူတို့လည်း ကောင်းကင်ပေါ်မှာ ဘယ်လောက်လှလှ အချိန်တန်ရင် ပျောက်ကွယ်သွားတတ်တာပဲမဟုတ်လား။ အဲ့ဒီအလှတရားက ကြာကြာ မတည်မြဲဘူးလေ။
တိမ်တွေဆီက အကြည့်ဖယ်ပြီး ဘေးဘီကိုကြည့်လိုက်တော့ နိုင်ငံခြားသားတစ်ယောက် ရစ်သမျှကို ခံနေရတဲ့ လေယာဉ်မယ်လေးသာရှိသည်။
နောက်ဆုံးတော့ ကျွန်တော် ခင်ဗျားဆီကို ပြန်လာရတာပဲလား ကိုဇက်။
မမြင်ချင်တဲ့ ခင်ဗျားမျက်နှာကို မြင်ရဦးမှာပေါ့။
*ကျစ်*
စိတ်ပျက်ဖို့ ကောင်းလိုက်တာဆိုတာ။
ဟေဇယ် အတင်းမခေါ်ရင် ကျွန်တော် တစ်သက်လုံး ခင်ဗျားရှိတဲ့မြေကို ပြန်အခြေချဖြစ်မှာ မဟုတ်ဘူး။
"ဟူး.."
လူတစ်ကိုယ်ကြား ကြားရုံလေး သက်ပြင်းချကာ ဂျွန် မျက်ဝန်းများကိုမှိတ်ချလိုက်သည်။ မှောင်မိုက်သွားတဲ့ သူ့အမြင်အာရုံထဲမှာ သူကိုယ်တိုင်ဖန်တီးတဲ့ အမုန်းတရားတွေနဲ့ ထပ်ပြီး ပိတ်မိသည်။
မုန်းတီးခြင်းတွေနဲ့ မှောင်ပိန်းကာ လမ်းပျောက်နေတဲ့ ကောင်လေးရဲ့ မျက်ဝန်းထောင့််မှ မျက်ရည်စများကိုတော့ မည်သူမျှ သတိမထားမိခဲ့ချေ။
•
လှေကားထစ်မှတစ်ဆင့် ခြေတစ်လှမ်း ကဋေတစ်သန်းနဲ့ ဟန်ပါပါ ဆင်းလာသော ဟေဇယ့်ကိုကြည့်၍ သောက်လက်စ အရက်ခွက်ကိုထားကာ အခန်းဆီသို့ပြန်ရန် ပြင်လိုက်သည်။
တက်ကြွနေတဲ့ ဟေဇယ့်ပုံစံက မသိရင် ဒီနေ့ပဲ တစ်ကမ္ဘာလုံးကို သူမ ပိုင်ဆိုင်ရတော့မလိုပုံစံမျိုးမို့ မသတီစွာကြည့်ရင်း အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
ထူးတော့ထူးဆန်းသည်။
ပုံမှန်ဆိုဟေဇယ်ဟာ ကျွန်တော် ဒီလိုသူ့ကိုလျစ်လျူရှုပြီး အခန်းထဲဝင်လာရင် အနောက်ကနေ တံခါးခေါက်ပြီး မရရအောင်လိုက်ခေါ်တတ်သည့် မိန်းကလေးမျိုး။
ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)