MBB-5

5.3K 439 50
                                    

"ရှေး....ရှေး ထတော့လေ"

"အင်းးး"

ခေါ်သံဟာနီးလာလိုက် ဝေးသွားလိုက်ဖြစ်နေတာကြောင့် အာရုံတွေကိုစုစည်းလိုက်တဲ့အခါ သူအိပ်ရာမှနိုးသွားခဲ့သည်။

"ရှေး နိုးပြီလား"

"အနိုင်"

"ဟုတ်တယ် အနိုင်ပါ"

သူချက်ချင်းအိပ်နေရာမှ ကုန်းထလိုက်မိသည်။

"သခင်ကြီးရောဟင်"

"ဟင်"

"အခု ရှေးကဘယ်ကိုရောက်နေတာလဲ"

"အာ အဲ့ဒါကို အနိုင်ပြောပြမယ်၊ စိတ်အေးအေးထား"

အနိုင်ပြောပြတာကိုနားထောင်ဖို့ဆုံးဖြတ်လိုက်ပြီး သူတိတ်တိတ်လေးနေနေလိုက်သည်။

"အခု ရှေး ရောက်နေတာက စားဖိုဆောင်ရဲ့ဘေးနားကအခန်းကို၊ သခင်ကြီးက ရှေးကို ဒီအခန်းမှာပြောင်းနေဖို့အမိန့်ချလိုက်တယ်၊ ဒီအခန်းမှာ အိမ်သာရော ရေချိုးခန်းရော တွဲရက်ပါတာမို့ ရှေး ညရေးညတာတွေအခက်အခဲမရှိတော့ဘူးပေါ့"

"ဒါဆို ရှေး ကအစေခံအဆောင်မှာမဟုတ်ဘဲ စံအိမ်ထဲမှာပြောင်းနေရတော့မှာပေါ့"

"ဟုတ်တယ် ရှေး"

"ဒါနဲ့ ရှေးက ဒီအခန်းထဲကို ဘယ်လိုရောက်လာတာလဲ၊ ညက ရှေး သခင်ကြီးအခန်းထဲမှာအိပ်တာပါ"

ရှေးရေစက် ရဲ့စကားကြောင့် မင်းနိုင်ထွန်း ခမျာရှို့တို့ရှန်းတန်းဖြစ်သွားရသည်။ရှေးရေစက် ကပွင့်လင်းလိုက်ပါဘိ။

"ဟို အဲ့ဒါတော့ အနိုင်လည်းမသိဘူး ရှေး၊ အနိုင် စားဖိုဆောင်ကိုရောက်တော့ လက်ထောက်ကြီးက ရှေး ဒီအခန်းထဲမှာရှိတယ် ဝင်နှိုးလိုက်လို့ပြောလို့ အနိုင်လည်းလာနှိုးတာ၊ ပြီးတော့ အခန်းအခြေအနေလေးလည်းပြောပြလိုက်ပါဆိုလို့"

"အာ အဲ့လိုလား"

"အင်း ဒါဆို အိမ်သာနဲ့ရေချိုးခန်းကို လိုက်ပြမယ်နော်၊ ရှေး မှတ်ထားလိုက်"

"ကျေးဇူးပါ အနိုင်"

"ရပါတယ် ရှေးရယ်၊ ဟို ထနိုင်ရဲ့လား"

"ထနိုင်ပါတယ် အနိုင်ရဲ့"

"အင်းပါ"

ရှေးရေစက် ကိုတွဲကူပြီး အိမ်သာနှင့်ရေချိုးခန်းရဲ့တည်နေရာအပြင် သုံးပုံသုံးနည်းတွေကိုပါ မင်းနိုင်ထွန်း ကသေချာလေးပြပေးလိုက်သည်။

Master's Blind Boy (COMPLETED)Where stories live. Discover now