MBB-23

2.5K 183 3
                                    

တစ်ဖက်နိုင်ငံကိုလာရခြင်းကိစ္စက အထမြောက်သွားပြီမို့ ညတွင်းချင်းပဲ ကိုယ့်နိုင်ငံကိုယ်ပြန်လာခဲ့ကြသည်။

နန်းတော်ကြီးအမျှ ခမ်းနားကြီးကျယ်တဲ့ အိမ်ဖြူတော်ကြီးထဲမှာ အခွင့်ထူးခံလူတန်းစားတစ်ယောက်အဖြစ် နေရမယ်ဆိုတာကြောင့် ဦးထွန်းမင်း ရဲ့မျက်နှာဟာ အပြုံးမပျက်တော့ပါပေ။အခုဆိုရင် ထိုလူ့စိတ်ထဲမှာ အကြိမ်ကြိမ်တွေးဖြစ်နေတဲ့အရာက သူ့ဘဝမှာ ရှေးရေစက် ကိုရောင်းစားခဲ့တာဟာ အမှန်ကန်ဆုံးလုပ်ရပ်ဟူ၍ပင်။

"ဒါက ဦးလေး ရဲ့အခန်းပါ၊ အေးဆေးအနားယူလိုက်ပါဦး"

ဦးထွန်းမင်း ကိုအခန်းနေရာပြပေးပြီးတာနဲ့ နှင်းဝိုင် လှည့်ထွက်သွားဖို့ပြင်လိုက်စဉ်

"နေဦး"

အနောက်ကနေ လှမ်းဆွဲလာတဲ့ လက်ဖဝါးကြမ်းကြမ်းကြီးကြောင့် ဆတ်ခနဲရုန်းလိုက်မိသည်။

"ဖြည်းဖြည်းလုပ်ပါကွ"

"ဘာပြောစရာရှိသေးလို့လဲ"

"အောင်မာ လေသံကိုက မင်းကဒီအိမ်မှာ ဘာလဲ"

နှင်းဝိုင် စိတ်လေစွာဖြင့် သက်ပြင်းချလိုက်မိသည်။

"လက်ထောက်၊ သခင်ကြီးရဲ့ လက်ထောက်"

"လက်ထောက်ဆိုတော့ ဒါဟာ အခိုင်းအစေသာသာပဲပေါ့၊ ဒီမှာ ကောင်လေး ငါ့ကိုရိုရိုသေသေဆက်ဆံပါ၊ ငါက သခင်ကြီးရဲ့ လက်တွဲဖော် ရှေးရေစက် ရဲ့ဦးလေးကွ၊ ဟင်းဟင်း သေချာတွက်မယ်ဆို သခင်ကြီးရဲ့ဦးလေးလည်းဟုတ်တာပဲ"

*ဘဝင်ရူးကြီး*ထိုစကားဟာ နှင်းဝိုင် ရဲ့စိတ်ထဲမှာ ရေရွတ်လိုက်တဲ့စကားဖြစ်သည်။သို့သော် အပြင်မှာတော့

"ဪ ဟုတ်ကဲ့၊ မှတ်ထားပါ့မယ်၊ ဒါဆို သွားခွင့်ပြုပါဦး"

အနားမှာဆက်နေနေရင် ဘာလုပ်မိမယ်မှန်းမသိတာမို့ နှင်းဝိုင် ထိုနေရာမှအမြန်လေးထွက်လာခဲ့လိုက်သည်။

"ကျစ် ကျစ် အချိုးတွေကိုက၊ ကိစ္စတော့မရှိပါဘူး နောက်ဆို ငါကဒီအိမ်ရဲ့အကြီးအကဲတစ်ယောက်ပဲမို့ အချိုးမပြေတဲ့ဟာတွေရှိရင် သေချာလေးဆုံးမပေးရမယ် အဟင်း!"

Master's Blind Boy (COMPLETED)Where stories live. Discover now