MBB-19

2.9K 208 4
                                    

"ဟူးးး ပင်ပန်းလိုက်တာ"

အခန်းထဲပြန်ရောက်တာနဲ့ ခုတင်ကျယ်ကြီးပေါ် မှာပက်လက်လှန်လှဲချလိုက်တဲ့ ရှေးရေစက်။ထိုအချိန် အနောက်ကနေလိုက်ဝင်လာသည့် စစ်တုရင် ကတော့ခပ်ပြုံးပြုံးမျက်နှာဖြင့်။

"ဒီတိုင်းဆို သိပ်မပင်ပန်းဘူး၊ မျက်လုံးကိုတစ်နေရာတည်းမှာ အသေထားထားရတာကပိုပင်ပန်းတယ်"

"အဟွန်း ဘာပဲဖြစ်ဖြစ်တော်ပါတယ်"

အဝတ်အစားတွေကိုတစ်ခုချင်းစီချွတ်နေတဲ့ စစ်တုရင် ရဲ့မျက်လုံးတွေက ခုတင်ပေါ်လှဲနေသည့် ရှေးရေစက် ဆီကနေအကြည့်မလွှဲပါ။

"ဦးစစ် အဲ့လိုထင်တယ်ပေါ့၊ အင်း ကိုယ်လည်းကိုယ့်ကိုယ်ကိုယ် တော်တယ်လို့ထင်မိသား"

"အဟက် လိပ်ကလေး"

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်ဆို"

လှဲနေရာကနေထလာပြီး သူ့ကိုပြောလာသည့် ကလေးငယ်ရဲ့စကားသံလေးကခပ်စူးစူး။သူပြုံးလိုက်မိသည်။

"အင်း မလွန်ကဲစေနဲ့"

"သိပါတယ် ဦးစစ် ရဲ့"

ထိုသို့ပြောပြီး ကလေးငယ်ကပြန်လှဲအိပ်သွားသည်။

ကိုယ်ပေါ်ကအဝတ်အစားတွေကို ကုန်စင်အောင်ချွတ်ပြီးသွားတော့ သဘက်တစ်ထည်ခါးမှာကောက်ပတ်လိုက်ရင်း ကလေးငယ်ရဲ့အနားကိုသွားလိုက်ကာ

"ထ ကလေးငယ်၊ ကိုယ်ရေချိုးပေးမယ်"

ဂျယ်လီလေးလို ပျော့ဖက်နေတဲ့ခန္ဓာကိုယ်လေးကို ပုခုံးကနေဆွဲထူလိုက်တော့ သူ့ခါးကိုလက်ကလေးနှစ်ဖက်ဖြင့်ဖက်လာပြီး ရင်ခွင်ထဲတိုးဝင်လာသည်။

"လာ ကိုယ်ချီမယ်"

ချိုင်းနှစ်ဖက်ကနေမပြီး ရင်ခွင်ပိုက်ပုံစံချီလိုက်တော့ ဖားပျံလေးလို သူ့ခန္ဓာကိုယ်ပေါ်မှာ တွယ်ကပ်ထားလေရဲ့။ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင် ပင်ပန်းနေသည့်ပုံလေးပင်။စံအိမ်ကနေ ပွဲနေရာကိုရောက်ဖို့ ကားစီးရတဲ့အကွာအဝေးကြောင့်လည်းဖြစ်ပါလိမ့်မည်။နောက်ပြီး သူခွံ့ကျွေးသမျှစားထားတာလည်းနည်းမှမနည်းပဲကိုး။သူခဏရပ်ထားရင်တောင် လက်ညှိုးလေးနှင့်လာကုပ်ပြီးခွံကျွေးခိုင်းသည်လေ။တော်တော်စားနိုင်တဲ့ ကလေးငယ်။

Master's Blind Boy (COMPLETED)Onde histórias criam vida. Descubra agora