MBB-32

2.3K 187 7
                                    

ခေါင်းမိုးထပ်ကနေ အောက်ထပ်ကိုဆင်းဖို့ တံခါးဖွင့်လိုက်တဲ့အခါ တံခါးအနောက်မှာရှိနေတဲ့လူကြောင့် မင်းမျိုးဗီဇ မျက်ခုံးပင့်လိုက်မိသည်။

"ဆင်းသွားပြီထင်နေတာ"

"သူဌေးမင်းတို့ဘာတွေပြောနေကြတာလဲ"

သူ့မျက်နှာကိုမကြည့်ပါဘဲမေးလာသူကြောင့် မင်းမျိုးဗီဇ ဘယ်ဘက်မျက်ခုံးကို လက်ညှိုးဖြင့်အသာကုပ်ပြီးပြန်ဖြေလိုက်သည်က

"သူ့ရဲ့စွန့်လွှတ်မှုက မင်းတဲ့"

"ဟက်! နားစွန်နားဖျားတော့ကြားလိုက်မိပါတယ်"

ထိုသို့ပြောပြီး ခြောက်ကပ်ကပ်ရယ်ကာ လှေကားအောက်ဆင်းသွားသူရဲ့အနောက်ကို မင်းမျိုးဗီဇ လည်းလိုက်ဆင်းလိုက်သည်။အရှေ့ကတစ်ယောက်အနောက်လိုက်တာတော့မဟုတ်ဘူး၊ အစကတည်းက သူအောက်ထပ်ဆင်းမလို့လေ။

.................................................................................

VIP ဆေးရုံခန်းအကျယ်ကြီးရဲ့ ဆေးရုံခုတင်ပေါ်မှာ သခင်ကြီးစစ်တုရင် ကငြိမ်သက်စွာလှဲလှောင်းနေပြီး ခုတင်ဘေးနားမှာတော့ သခင်ကြီးရဲ့လက်ဖဝါးတစ်ဖက်ကိုဆုပ်ကိုင်ကာ ထိုလက်ပေါ်မျက်နှာအပ်ထားပြီး ထိုင်နေသည့် ရှေးရေစက် ရှိပါသည်။

"ဦးစစ်"

ရှေးရေစက် ရဲ့အသံဟာ ခပ်တိုးတိုးမျှသာ။အကြောစိမ်းတွေဖြာနေသည့် လက်ခုံပေါ်က ဆေးသွင်းပိုက်ကိုကြည့်နေရင်းဖြင့်လည်း သူမျက်ရည်ဝဲရသည်။

"ပြန်နိုးလာခဲ့နော်၊ ရှေး ခေါ်ရင်မထူးဘဲမနေပါနဲ့၊ အဲ့ဒါက ဘယ်လောက်ကြောက်ဖို့ကောင်းလဲသိရဲ့လား"

မထိန်းထားချင်တော့တာကြောင့် လျှံကျလာတဲ့မျက်ရည်တွေကို ဦးစစ် ရဲ့လက်ချောင်းတွေနဲ့ပဲဖိသုတ်ပစ်လိုက်သည်။ဦးစစ် ကြောင့်ကျတဲ့မျက်ရည်တွေကို ဦးစစ် ပဲသုတ်ပေးရမှာ။

"ဦးစစ် နိုးလာရင် ရှေး ဘယ်မှမသွားတော့ဘူး၊ ဦးစစ် ရဲ့အနားမှာပဲနေတော့မှာ၊ ရှေး တို့တစ်ယောက်နဲ့တစ်ယောက်မလွမ်းကြတော့ဘူးလေ နော်၊ ရှေး ရဲ့စိတ်တွေရှင်းနေပါပြီဗျာ"

အပြောင်သိမ်းထားတဲ့ဆံပင်တွေကြောင့် ထင်းထင်းပေါ်နေတဲ့မျက်ခုံးတန်းနှစ်ဖက် ဖိမှိတ်ထားတဲ့မျက်ဝန်းတစ်စုံနှင့်စင်းကျနေတဲ့မျက်တောင်ရှည်တွေ အသက်ရှူသံမှန်မှန်ကြားနေရတဲ့ဖြောင့်စင်းနေသောနှာတံ စေ့ပိတ်ထားတဲ့ပိရိသေသပ်သောနှုတ်ခမ်းထူထူ အရာအားလုံးဟာ သေသေချာချာလေး ထုဆစ်ပုံဖော်ထားသည့်အလား။သခင်ကြီးစစ်တုရင် ဟာမေ့မြောနေပေမယ့်လည်း မျက်စိမလွှဲနိုင်လောက်အောင် အရှိန်အဝါအပြည့်ဖြင့် ခန့်ညားချောမောနေစဲပင်။

Master's Blind Boy (COMPLETED)Tempat cerita menjadi hidup. Temukan sekarang