MBB-14

3.9K 253 3
                                    

*ရှေးရေစက် ရဲ့ဘဝတစ်လျှောက်လုံး လုံခြုံနွေးထွေးနေစေရမယ်လို့ ကျုပ်ကတိပေးတယ်၊ ဒီကတိစကားက ကျုပ်အသက်မရှိတော့ရင်တောင် တည်နေလိမ့်မယ်*

"သား..သား ရှေးလေး"

ခေါ်သံသဲ့သဲ့နှင့်အတူ သူကိုင်ထားတဲ့ မေမေ့ရဲ့လက်ကလေးကလှုပ်ရှားလာတာမို့ ရင်ထဲလျှံတက်လာသည့် ပျော်ရွှင်မှုတွေကထိန်းမရ။

"မေ..မေမေ၊ ရှေးပါ ဟုတ်တယ် ရှေးပါ မေမေ၊ ရှေး မေမေ့ကိုအရမ်းလွမ်းနေခဲ့တာ"

မေမေ့ရဲ့လက်ဖဝါးတစ်ဖက်ကို သူ့ပါးပြင်ထက်မှာနေရာချပေးလိုက်ပြီး အားတက်သရောပြောမိသည်။

"သား ရှေးလေး..မေ့သားလေး မေ့ဆီပြန်လာပြီ"

"မေမေ အီးးဟီးး"

မောဟိုက်နေပုံဖြင့် မသဲမကွဲသာကြားနေရသည့် မေမေ့ရဲ့အသံကြောင့် သူရှိုက်ကြီးတငင်အော်ငိုမိပါသည်။

"မ..မငိုပါနဲ့၊ မေ့သားလေးက မျက်နှာလေး ဟင်းး ပြည့်လာသလိုပဲ"

သူ့ပါးပြင်ကို ဖွဖွဆွဲပြီးပြောလာတဲ့ မေမေ့စကား။ရှိုက်ငိုနေသည့်ကြားထဲမှ သူခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်သည်။

"မေ အရမ်းစိတ်..ပူနေမိတာ သားလေးရယ်"

"ရှေး..ရှေးရောင်းစားခံရပေမယ့် ဘာဒုက္ခမှမခံလိုက်ရပါဘူး မေမေရယ်၊ ရှေးကို ဦးစစ် က ကယ်ပေးထားခဲ့တာ ဟင့်!"

"ဦး..ဦးစစ် ဆိုတာက ခုနက..လူ လား"

"မေမေ မေမေတွေ့လိုက်တာလား၊ ဟုတ်တယ် အဲ့ဒါ ဦးစစ် ပါ၊ ဦးစစ် က ရှေးကို မေမေ့ဆီပြန်ခေါ်လာပေးတာ ဟင့်! ရှေးတို့နှစ်ယောက်လက်ထပ်ဖို့အတွက် မေမေ့ဆီကိုပြန်လာခဲ့တာ"

လက်ထပ်မယ်။သားလေးနဲ့ခုနက သူမကိုကတိစကားတစ်ခွန်းပြောသွားတဲ့လူနဲ့က လက်ထပ်ကြမယ်တဲ့လား။လက်ဖဝါးနွေးနွေးရဲ့အထိအတွေ့နှင့်တည်ကြည်ရင့်ကျက်ပြီး ပြတ်သားတဲ့ကတိစကားတစ်ခွန်းကို သူမစိတ်ထဲအကြွင်းမဲ့ယုံကြည်နေမိပါသည်။

"ဦးလေးက ရှေးတို့သားအမိအပေါ် အဲ့လောက်ထိလုပ်ရက်လိမ့်မယ်လို့မထင်ခဲ့ဘူး ဟင့်! ရှေး မေမေနဲ့ပြန်မတွေ့ရတော့မှာကို အရမ်းပဲကြောက်နေခဲ့တာပါ မေမေရယ်"

Master's Blind Boy (COMPLETED)Kde žijí příběhy. Začni objevovat