MBB-31

2.5K 188 9
                                    

ကွန်တိန်နာတွေအမြောက်အမြားစီတန်းချထားသည့် ဆိပ်ကမ်းနေရာတစ်ခုမှာ လက်နက်ကိုင်လူတစ်စုခြေချင်းလိမ်နေကြသည်။ထိုလူတို့ဟာ ပတ်ဝန်းကျင်အနေအထားကိုစောင့်ကြည့်နေကြသည့်ပုံပင်။

ဘေးပတ်ပတ်လည်တွင် ကွန်တိန်နာတွေဝိုင်းနေသည့် အလယ်မှ နေရာလွတ်တစ်ခုမှာတော့ ခုံတွေဖြင့် စနစ်တကျဝိုင်းဖွဲ့ထိုင်နေကြသည့် လူငါးယောက်ရှိသည်။ထိုလူငါးယောက်မှာ တစ်ယောက်သာလျှင် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ကျန်တဲ့လေးယောက်မှာတော့ သက်ကြီးပိုင်းဖြစ်နေလေပြီ။

"ဆိုတော့ နေ့လည်ကမပြတ်သေးတဲ့ကိစ္စလေးဆက်ပါဦး"

"ဘယ်ကနေဘယ်လိုစလုပ်မယ်စဉ်းစားထားလဲ"

"ကျုပ်စဉ်းစားထားတာက သခင်ကြီးရဲ့အားနည်းချက်ကိုအမိအရကိုင်နိုင်ဖို့ပဲ၊ ဒါဆို သူကျုပ်တို့လက်ထဲအလွယ်လေးရောက်လာလိမ့်မယ်"

မာန်ပါပါဖြင့်ပြောလာသည့် လူလတ်ပိုင်းအရွယ်အမျိုးသားရဲ့အကြံက အကုန်လုံးလက်သင့်ခံနိုင်စရာပင်။

"ဟူးး သခင်ကြီးကို ပုန်ကန်ဖို့စည်းဝေးတဲ့ပွဲမှာ ပါဝင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးဖူးဘူး"

လူကြီးတစ်ယောက်ပြောလာတဲ့စကားကို ကျန်တဲ့လူကြီးသုံးယောက်က တွေးတွေးဆဆဖြင့်ခေါင်းညိမ့်လိုက်ကြပေမယ့် လူလတ်ပိုင်းအရွယ်အမျိုးသားကတော့ ခပ်ဟဟရယ်သည်။

"လူကြီးမင်းတို့ကစိုးရိမ်မှုလွန်ကဲနေကြတာကိုး၊ ကျုပ်ကတော့ရှင်းတယ်၊ ကျုပ်ဘဝကိုကျုပ်ကိုယ်တိုင်ပဲချယ်လှယ်မယ်၊ မာဖီးယားခေါင်းဆောင်တစ်ယောက်လုပ်နေပြီး တခြားလူရဲ့လက်အောက်မှာနေနေရတာ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ"

ထိုလူပြန်ပြောတဲ့စကားဟာ ဖြစ်သင့်တယ်လို့ထင်တာကြောင့် လူကြီးလေးယောက်လုံးထောက်ခံလိုက်ကြသည်။

"ကျုပ်တို့လည်းကျေနပ်နေတာမျိုးတော့မဟုတ်ပါဘူး၊ ရပေါက်ရလမ်းအလုပ်တွေကို ကျုပ်တို့လည်းလွတ်လွတ်လပ်လပ်လုပ်ချင်တာပေါ့၊ ဒါပေမယ့်လည်း အစဉ်အလာအဆက်ဆက်ဖိနှိပ်ခံထားရတာဆိုတော့ တစ်ယောက်တည်းထပြီးရုန်းကြွဖို့ကခက်ခဲတယ်မလား"

Master's Blind Boy (COMPLETED)Tempat cerita menjadi hidup. Temukan sekarang