MBB-17

3.1K 241 6
                                    

ညကပင်ပန်းထားသည့် ဒဏ်တွေကြောင့် သူ အိပ်ရာထဲကနေတော်တော်နဲ့မထနိုင်ခဲ့။သူ ဒီအိမ်ကိုရောက်တာတစ်ပတ်ရှိပြီ။တစ်ပတ်အတွင်းမှာ လေးကြိမ်တောင်ရှိပြီဆိုတော့ သူမြော့ဖို့လုံလောက်ပါသည်။

အချိန်တိုင်းလိုလို အားရင်အားသလို တက်ကြွနေတတ်သူကြီးကို အိမ်မက်သခင် တစ်ယောက်လက်မြှောက်ထားရသည်။မမြှောက်လို့လည်းမရပါ။သူ ဒီအိမ်ကိုရောက်တာ ဒီအလုပ်ကိုလုပ်ဖို့ပဲလေ။အချိန်တိုင်းဆိုရင်တောင် သူ့မှာငြင်းပိုင်ခွင့်မရှိဘူး။မောင် ဖြစ်နေ၍လည်း သူကမငြင်းချင်ပါ။အလုပ်ဆိုတာထက် သူကိုယ်တိုင်ကိုက လိုလိုလားလားဖြစ်နေမိတာကိုး။

ဒေါက် ဒေါက် ဒေါက်

"အိမ်မက်သခင်"

ခေါ်သံကြောင့် လှဲနေရာကနေဖြည်းညှင်းစွာထလိုက်ပြီး ခုတင်ပေါ်ကနေဆင်းလိုက်ရသည်။အခုအချိန်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ လမ်းကောင်းကောင်းမလျှောက်တတ်သေးတဲ့ကလေးငယ်သဖွယ် အိပဲ့ပိပဲ့နဲ့ဖြစ်နေပါလိမ့်မည်။

အခန်းတံခါးကိုဖွင့်လိုက်တော့ အခန်းရှေ့မှာ စားစရာတင်ထားတဲ့ဗန်းတစ်ခုကိုကိုင်ပြီးရပ်နေသည့် အိမ်တော်ထိန်းဦးလေး ကိုတွေ့လိုက်ရသည်။

သူ ခေါင်းအသာညိမ့်ပြလိုက်တော့

"မနက်စာစားချိန်တော့လွန်နေပြီ၊ သူဌေးမင်းက အနားယူပါစေ သွားမနှိုးနဲ့ဆိုပြီးမှာထားလို့ ဦးလေးလာမနှိုးတော့တာ၊ ဒါပေမယ့် ဆေးသောက်ရမှာမို့ တစ်ခုခုစား ဆေးသောက်ပြီးမှ ပြန်အနားယူလိုက်နော်"

အိမ်တော်ထိန်းဦးလေး ရဲ့လက်ထဲကဗန်းကိုလွှဲပြောင်းယူလိုက်ပြီး သူထပ်မံ၍ခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် သူ ဦးလေးကိုပြုံးပြလိုက်ပြီး ဦးလေးလှည့်ထွက်သွားတော့မှသာ သူလည်းအခန်းတံခါးကိုပြန်ပိတ်လိုက်သည်။

ဗန်းပေါ်ကပန်းကန်ကိုကြည့်လိုက်တဲ့အခါ အရောင်အသွေးစုံလင်ပြီး အနံ့မွှေးတဲ့ ဆန်ပြုတ်ကိုတွေ့လိုက်ရသည်။အခုအချိန်မှာ သူကအစာမာမာစားလို့မဖြစ်ဘူးလေ။မဟုတ်သေးဘူး၊ ဒီအိမ်မှာနေတဲ့တစ်လျှောက်လုံး သူ အစာမာမာစားဖို့ရော ဖြစ်နိုင်သေးရဲ့လား။

Master's Blind Boy (COMPLETED)Where stories live. Discover now