MBB-27

2.2K 177 2
                                    

အိမ်မက်သခင် ထမင်းစားခန်းထဲရောက်သွားတော့ စားပွဲပေါ်မှာ မုန့်ပန်းကန်အပြည့်တွေ့လိုက်ရသည်။ထို့အပြင် လောလောလတ်လတ်စားပြီးထားတဲ့ ပန်းကန်တစ်ခုလည်းရှိနေပါသေးသည်။

"ဟော အိမ်မက်သခင် နိုးပြီလား၊ ထိုင် ထိုင် မနက်စာစားရအောင်၊ သူဌေးမင်းတောင် ခုနကလေးတင်စားပြီးလို့အလုပ်သွားပြီ"

ဒေါ်ကြီးကို သူပြုံးလျှက်သာ ခေါင်းညိမ့်ပြရင်း ခုံမှာဝင်ထိုင်လိုက်သည်။မနေ့ညက မောင့်ကောင်းမှုကြောင့် အိပ်ချိန်နောက်ကျသွားတာမို့ အိပ်ရာထလည်းအနည်းငယ်နောက်ကျသွားရသည်။မဟုတ်ရင် မောင်အလုပ်သွားတာလေးကို မြင်လိုက်ရမှာပင်။

"ပေါက်စီကြိုက်တယ်မလား"

သူ့အနားကို ပေါက်စီပန်းကန်တိုးပေးရင်း ဒေါ်ကြီးကမေးလာတာမို့ အိမ်မက်သခင် ခေါင်းညိမ့်ပြလိုက်ကာ ပေါက်စီတစ်လုံးကိုယူလိုက်သည်။လက်ထဲရောက်လာသည့် ပေါက်စီက နွေးတေးတေးလေးဖြစ်သည်။စားကြည့်လိုက်တော့လည်း အသားပေါက်စီအရသာက အတော်လေးကောင်းပါသည်။ဒီလို အစားအစာအစုံလုပ်တတ်တဲ့ ဒေါ်ကြီးတွေကို မောင်ဘယ်လိုများရှာထားလဲမသိပါ။

"အိမ်မက်သခင်"

"ဗျ..အင်!"

အိမ်မက်သခင် အံတင်းတင်းကြိတ်လိုက်မိသည်။ရုတ်တရက်ဆိုတော့ သူ'ဗျာ'လို့ထူးမိတော့မလို ဖြစ်သွားရသည်။တော်သေးတာပေါ့ ဒေါ်ကြီးကသတိမထားမိလို့။

"အိမ်မက်သခင် ကစိတ်ရင်းကောင်းလို့နဲ့တူတယ်၊ အခုအချိန်ထိ သူဌေးမင်းနဲ့ကတောက်ကဆဖြစ်တာမတွေ့ရသေးဘူး"

ထိုစကားကို သူနားမလည်တာကြောင့် ဒေါ်ကြီးကိုကြည့်လိုက်မိသည်။

"ဒီလိုပါ၊ အရင် သူဌေးမင်းရဲ့ပါတနာတွေဆိုရင် ဒီအချိန်လောက်ဆို ပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်ပြီ၊ များသောအားဖြင့်တော့ အိမ်ကိစ္စတွေပေါ့၊ သူတို့က သူဌေးမင်းရဲ့ပါတနာဆိုတာနဲ့ သူတို့ကိုယ်သူတို့ သူဌေးကတော်လိုအချိုး ချိုးကြတာလေ"

"အဲ့ခါကျ သူဌေးမင်းနဲ့တွေ့တာပဲ၊ သူဌေးမင်းက ဒေါသထွက်ရင် အရမ်းကြောက်ဖို့ကောင်းတာပဲ၊ သူဌေးမင်းဒေါသထွက်တာတစ်ခါကြုံဖူးတယ်"

Master's Blind Boy (COMPLETED)Where stories live. Discover now