အလုပ်ခန်းထဲကိုဝင်လာသည့် သခင်ကြီးစစ်တုရင် ရဲ့ပုံစံဟာ အနည်းငယ်နွမ်းလျနေပါသည်။သို့သော် ခြေလှမ်းတိုင်းဟာမာန်အပြည့်ဖြစ်နေသလို တည်တံ့နေသည့်ရုပ်ဟန်ကြောင့်လည်း သခင်ကြီးရဲ့စိတ်ပုံမှန်မဟုတ်တာကို ဘယ်သူမှသတိထားမိမည် မဟုတ်ပါ။
စစ်တုရင် ထိုင်ခုံပေါ်မှာထိုင်ချလိုက်ပြီးတာနဲ့ လည်ပင်းက necktie ကိုအနည်းငယ်ဖြေလျော့လိုက်ကာ သက်ပြင်းဖွဖွချလိုက်သည်။ထို့နောက်တွင်မှ စားပွဲခုံပေါ်က MacBook ကိုပါဝါဖွင့်လိုက်သည့်အခါ သူ့ဘဝအတွက်အဓိပ္ပာယ်ရှိလှပါသော ဖြစ်တည်မှုလေးက အပြုံးလေးဖြင့်ဆီးကြိုပါသည်။
"ကလေးငယ်"
တိုးဖျဖျရေရွတ်လိုက်ခြင်းနှင့်အတူ သူ့နှုတ်ခမ်းအစုံဟာလည်း အသာအယာတွန့်ချိုးသွားခဲ့သည်။
ဆယ့်တစ်ရက် ကိုးနာရီနှင့်ခုနစ်မိနစ်အတွင်း ကလေးငယ်မရှိဘဲ သူဘယ်လိုများနေထိုင်ခဲ့ပါလိမ့်။သေချာတာတစ်ခုကတော့ သူ့ရှင်သန်ခြင်းဟာ အဓိပ္ပာယ်မဲ့နေလိမ့်မည်။ကလေးငယ်နှင့်မတွေ့ခင်အချိန်တုန်းက သူဟာ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာလို့သတ်မှတ်ထားပေမယ့် အခုအချိန်မှာတော့ သူ့ဘဝတစ်ခုလုံးကိုပုံအပ်ပြီး ပလ္လင်တင်ထားမိတဲ့ ရှင်ဘုရင်လေးကြောင့် အလွမ်းအဆွေးဆိုတဲ့ ဝေဒနာတွေကို ရင်နှင့်အပြည့် ခံစားတတ်နေလေပြီ။
လောကမှာ ရှေးရေစက် ဆိုတဲ့ ကလေးငယ်သာလျှင် စစ်တုရင် ဆိုတဲ့ကောင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တာ ဖြစ်သည်။စိတ်၊နှလုံး အစစအရာရာကိုပေါ့။ဒါဟာလည်း သူကိုယ်တိုင်ကိုက ကလေးငယ်ရဲ့ရှေ့မှောက်မှာ ကျေကျေနပ်နပ်ကြီး လည်စင်းပေးခဲ့တာကြောင့်ပါ။
နောင်တရလား၊ မကျေမနပ်ဖြစ်လားလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် သူငြင်းဆိုပြီး ထပ်မမေးနိုင်အောင်လုပ်မည်။ကလေးငယ်ရဲ့လုပ်ရပ်တွေတိုင်းမှာ အကြောင်းပြချက်ဆိုတာရှိသည်။မရှိခဲ့ရင်တောင်မှ အကြောင်းပြချက်ရှိအောင် သူဖန်တီးပေးမည်။ကလေးငယ်လုပ်သမျှအရာရာတိုင်းဟာ မုတ်ချမှန်ကန်နေရပါမည်။
......တစ်ခုတော့ရှိတယ်၊ အလိုလိုက်လို့ ပျက်စီးဆိုးသွမ်းသွားမယ့်လူတွေထဲမှာ ကျုပ်ရဲ့ကလေးငယ် ဘယ်တော့မှမပါစေရဘူး.......
ŞİMDİ OKUDUĞUN
Master's Blind Boy (COMPLETED)