MBB-34(zawgyi)

663 19 0
                                    

တစ်လခန့်ကြာပြီးနောက်.....

"ဝတ်ကြည့်ဦးမလား"

"ဟင့်အင်း မဝတ်ကြည့်တော့ဘူး အစ်ကို"

"အင်းလေ၊ သေချာတိုင်းပြီးချုပ်ထားတာပဲဟာ အဆင်ပြေမှာပါ"

ရှေးရေစက် ငြင်းလိုက်တော့ အိမ်မက်သခင် ကအဖြူရောင် suit ဝမ်းဆက်နှစ်ထည်လုံးကိုယူပြီး နံရံကပ်ဗီရိုထဲမှာ သေသေချာချာချိတ်ဖြင့်သွားချိတ်ထားလိုက်သည်။

"ဘယ်လိုလဲ စိတ်လှုပ်ရှားနေလား"

ခုတင်အနားကိုပြန်လျှောက်လာပြီး မေးလာတဲ့ အိမ်မက်သခင် ကို ရှေးရေစက် ကအပြုံးလေးဖြင့်ခေါင်းညိမ့်ပြလိုက်ပါသည်။သူတကယ်ကြီး စိတ်လှုပ်ရှားနေတာ၊ ရင်တွေခုန်နေတာလည်း တဒိန်းဒိန်းပဲ။

ရှေးရေစက် တကယ်စိတ်လှုပ်ရှားနေမှန်းသိတာမို့ အိမ်မက်သခင် သဘောတကျရယ်ရင်း ခုတင်ပေါ်မှာတက်ထိုင်လိုက်သည်။

နောက်ဆုံးတော့ ရှေးရေစက် ကသူချစ်တဲ့လူနှင့်လက်ထပ်ရတော့မှာပေါ့။ကိုယ့်ညီလေးအရင်းတစ်ယောက်လိုချစ်ရတဲ့ကလေးမို့ အိမ်မက်သခင် လည်းထပ်တူဝမ်းသာရပါသည်။သခင်ကြီးဟာ ရှေးရေစက် ကိုအတော်လေးချစ်ပေးပြီး အလိုလိုက်မယ့်ပုံမို့ စိတ်လည်းချမ်းသာရသည်။ရှေးရေစက် ကစိတ်ထားကောင်းတဲ့ကလေးမို့ ကံကောင်းခြင်းတွေကိုသာပိုင်ဆိုင်သင့်ပါသည်။

ရှေးရေစက် ကအကုန်လုံးရဲ့အချစ်ခံလေး။မောင့်လိုလူဆီကနေတောင် အချစ်ခံခဲ့ရဖူးတဲ့ကလေးလေး။ရှေးရေစက် လက်ထက်တော့မယ်ဆိုတဲ့သတင်းကြားရင် မောင်ဘယ်လိုများခံစားရလိမ့်မလဲ။အခုအချိန်မှာ ရှေးရေစက် ကို မောင်ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကို မသိပေမယ့်လည်း မောင့်ကိုဘာအတွက်ကြောင့်နဲ့မှမခံစားစေချင်တာအမှန်ပါ။မောင့်ကိုအမြဲတမ်းဝေဒနာတွေကင်းတဲ့လူတစ်ယောက်ပဲဖြစ်စေချင်သည်။

မောင်ကလူကောင်းတစ်ယောက်ပါ။သူ့အပေါ်ခွင့်လွှတ်နိုင်တာကိုပဲကြည့်လေ။အကြောင်းစုံသိသွားတဲ့နေ့တုန်းက သူစိုးထိတ်နေသလို မောင်ကစိတ်လည်းမဆိုးခဲ့သလို ဒေါသတကြီးနဲ့လည်ပင်းကိုလည်းမညှစ်ခဲ့။အဲ့ဒီအစား သူ့မေတ္တာတွေကိုငြင်းပယ်ခဲ့ပြီးတော့ပဲ သူ့အသည်းကိုခွဲခဲ့တာ။ဒါဟာ မောင့်လုပ်ပိုင်ခွင့်မို့ သူနည်းနည်းလေးတောင် အပစ်မတင်မိခဲ့ပါလေ။ရွံမုန်းမသွားခဲ့တာကိုပဲ သူကျေနပ်လှပါပြီ။

Master's Blind Boy (COMPLETED)Where stories live. Discover now