(၁၈အပေါင်းဆိုပေမယ့် ဇာတ်လမ်းပါတာမို့ ၁၈အပေါင်းမကြိုက်သူတွေ ကျော်ခွဖတ်ကြပါဦးနော်❤️)
ကားပေါ်ကဆင်းဆင်းချင်း အိမ်မက်သခင် ကိုလက်ကနေဆွဲခေါ်ကာ အပေါ်ထပ်တက်သွားသည့် မင်းမျိုးဗီဇ ကြောင့်အိမ်တော်ထိန်းတစ်ယောက် အံ့ဩတကြီးဖြစ်သွားရသည်။လိမ်ညာမှုကြောင့် အလုပ်ထွက်သွားရပြီဖြစ်တဲ့ အိမ်မက်သခင် ကို သူဌေးမင်းက ဘာကြောင့်ပြန်ခေါ်လာရသလဲလေ။
လမ်းတစ်လျှောက် စကားတစ်ခွန်းမှမဆိုသလို အခုလည်းအိပ်ခန်းထဲရောက်သည်အထိ စကားတစ်ခွန်းမှမဆိုဘဲ ဝတ်စုံပြည့်ကိုချွတ်နေသည့် မောင့်ကြောင့် အိမ်မက်သခင် စိတ်လှုပ်ရှားမှုများစွာဖြင့် မတ်တပ်ရပ်နေမိသည်။
မောင်ကပြောစရာရှိတယ်ဆိုလို့ သူလိုက်လာရတာဟာတစ်ပိုင်းဆိုလျှင် မောင့်အနားမှာမောင့်ခွင့်ပြုချက်နဲ့နေနိုင်ဖို့ အခွင့်အရေးသေးသေးလေးပဲဖြစ်ဖြစ် မျှော်မှန်းမိတာက တစ်ပိုင်းပါဝင်ပါသည်။
အပေါ်ကုတ်နှင့်necktie ကိုချွတ်လိုက်ပြီး ရှပ်အင်္ကျီကိုလည်းကြယ်သီးသုံးလုံးလောက်အထိဖြုတ်ပြီးတော့မှ မင်းမျိုးဗီဇ သက်တောင့်သက်သာဖြစ်သလိုခံစားလိုက်ရသည်။ထို့နောက်မှ သူလက်လွှတ်လိုက်တဲ့နေရာမှာ ခေါင်းငုံ့ကာငြိမ်ငြိမ်လေးရပ်နေသည့် လူကြီးလေးကိုကြည့်ကာ အသံတိတ်ပြုံးမိပါသည်။ဒါဟာ သူလိုချင်နေတဲ့အခြေအနေတွေဖြစ်သည်။သူမျက်စိပို့လိုက်ရာနေရာတိုင်းမှာ ဒါမှမဟုတ် သူ့အနီးအနားမှာ အိမ်မက်သခင် ဆိုတဲ့အဖိုးတန်ကြွေရုပ်လေးရဲ့ဖြစ်တည်မှု အရိပ်လေးလိုရှိနေတာကို သူအလိုရှိပါသည်။မဝံ့မရဲပုံစံလေးတွေနဲ့ ရှက်ပြုံးလေးတွေကတော့ အပိုဆုပေါ့။
"ညောင်းမှာပေါ့ ထိုင်လေ"
သူ့အသံကြားတော့ကမန်းကတမ်းမော့ကြည့်လာတဲ့ မီးခိုးရောင်မျက်လုံးလေးတွေကဝိုင်းခနဲ။ထို့အတူ အနက်ရောင်ဆံပင်ကောက်လေးတွေဟာလည်း နှဖူးပေါ်ဝဲကျလျက်။ဟုတ်တယ် အဲ့လိုဖြစ်တည်မှုလေးတွေ။ခဏခဏပုံဖော်မကြည့်မိပေမယ့် အမြဲတမ်းလိုလိုမှတ်ဥာဏ်ထဲစွဲနေတက်တဲ့ ပုံပန်းသွင်ပြင်လေးတွေ။
YOU ARE READING
Master's Blind Boy (COMPLETED)