MBB-37

2.3K 152 1
                                    

နောက်ဆုံးမှာတော့ မင်းမျိုးဗီဇ နှင့် အိမ်မက်သခင် တို့ရဲ့မင်္ဂလာပွဲရက် ရောက်လာခဲ့လေပြီ။

သူဌေမင်း မင်းမျိုးဗီဇ ရဲ့မင်္ဂလာပွဲကို မြို့တော်ရှိကြီးကျယ်ခမ်းနားသော ဘုရားကျောင်းတစ်ခုမှာကျင်းပတာဖြစ်ပြီး ဧည့်ပရိတ်သတ်ပေါင်းများစွာတက်ရောက်ကြပါသည်။

နှစ်ဖက်မိဘရယ်လို့မရှိတဲ့မင်္ဂလာပွဲမှာ သခင်ကြီးတို့ ခင်ပွန်းမောင်နှံနှစ်ယောက်ကပဲ အဖြူရောင်suit တွေကိုယ်စီဝတ်ပြီး လာသမျှဧည့်ပရိတ်သတ်တွေကို သတို့သားနှစ်ယောက်ကိုယ်စား ကြိုဆိုဂါရဝပြုပေးနေကြသည်။

"လက်ထောက်ကြီး"

"ဟုတ်ကဲ့ သခင်ကြီး"

"သတို့သားနှစ်ယောက်ကို ပွဲချိန်နီးနေပြီလို့ သတိသွားပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ"

နို့နစ်ရောင်suit ဖြင့် သပ်ရပ်ချောမောနေပါသော နှင်းဝိုင် တစ်ယောက် ခပ်သွက်သွက်လေး တစ်နေရာကိုထွက်သွားခဲ့ပါသည်။

"အစ်ကိုကြီးတို့နှစ်ယောက် ရှေး တို့လိုပဲ ဘာသာတူလို့တော်သေးတယ်၊ မဟုတ်ရင် မင်္ဂလာနေရာရွေးနေရမှာနော်"

"ကလေးငယ်"

"ဟုတ်"

ခပ်အေးအေးလေးခေါ်လာတဲ့ ဦးစစ် ကို ရှေးရေစက် မော့ကြည့်လိုက်တော့ ပြုံးကြည့်နေတာဖြင့်ကြုံသည်။

"လူတစ်ဦးနဲ့တစ်ဦးပေါင်းဖက်ကြတာက ချစ်ခြင်းမေတ္တာ၊ ဘာသာတရားဆိုတာက ကိုးကွယ်ယုံကြည်မှု၊ အဲ့လို ခွဲခြားသိထားမယ်ဆိုရင် အဆင်ပြေပါတယ်"

ဦးစစ် ဟာသူ့ရဲ့အတွေးတွေရှင်းလင်းအောင်လည်း အခုလိုအလင်းပြပေးနိုင်တာမို့ ရှေးရေစက် ရဲ့ကိုယ်ရည်ကိုယ်သွေးတွေက ပိုလို့တောက်ပရပါသည်။

"ဟုတ်ကဲ့ ဦးစစ်၊ ရှေး နားလည်ပြီ"

ပါးပြင်ကိုအသည်းယားသလိုဖွဖွဆွဲလာသူကြောင့် ရှေးရေစက် လည်းအပြုံးမပြတ်နိုင်တော့ပါ။

ထိုအချိန် သခင်ကြီးတို့စုံတွဲရဲ့ခပ်လှမ်းလှမ်းမှာတော့ ဟိုကြည့်ဒီကြည့်ဖြင့် အခုအချိန်ထိအူကြောင်ကြောင်ဖြစ်နေစဲဖြစ်တဲ့ အတွင်းရေးမှူးအာကာ ရှိပါသည်။

Master's Blind Boy (COMPLETED)Where stories live. Discover now