"အစ်ကိုသိလား၊ ကိုယ့်တုန်းကဆို ပွင့်ပွင့်လင်းလင်းမေးလိုက်လို့ ဦးစစ်ကိုရခဲ့တာ"
"ဟင် ဟုတ်လား၊ ဘယ်လိုပွင့်ပွင့်လင်းလင်းမေးတာလဲ"
"သခင်ကြီး ရှေးကိုချစ်လား ဆိုပြီးတော့ပေါ့"
"အာ"
အခု ရှေးရေစက်နှင့်အိမ်မက်သခင် တို့ရောက်နေကြသည့်နေရာက အိမ်ကြီးရဲ့အနောက်ဘက် သစ်ပင်ရိပ်တွေရှိတဲ့ နေရာမှာဖြစ်သည်။ခုံတစ်ယောက်တစ်လုံးဖြင့်ထိုင်ပြီး ဆွေးနွေးနေကြသည့်ကိစ္စကတော့ အိမ်မက်သခင် ရဲ့အချစ်ရေးပေါ့။
"ဒါပေမယ့် အဲ့ဒါက သခင်ကြီးက ရှေးကိုအရင်ကတည်းက ချစ်နေလို့မဟုတ်ဘူးလား"
"အာ အဲ့လိုတော့ဟုတ်တယ်၊ ဒါပေမယ့် ကိုယ်သာအရင်ဖွင့်မပြောရင် မြန်မြန်ချစ်သူတွေဖြစ်မှာမဟုတ်ဘူးလေ၊ ဦးစစ် ရဲ့ဖုံးကွယ်ထားတဲ့အချစ်တွေကို ကိုယ်ကအစဖော်ပေးလိုက်တဲ့ သဘောပေါ့၊ ဘယ်သူပြောနိုင်မလဲ သူဌေးမင်းကလည်း အစ်ကို့ကိုချစ်မနေနိုင်ဘူးလို့"
"ဟင်!"
"စွန့်စားလိုက် အစ်ကိုရ"
ထိုအခိုက် အိမ်မက်သခင် စဉ်းစားမိလိုက်တဲ့အရာက သူလည်းပဲ ယောက်ျားလေးတစ်ယောက်ပေမို့ မောင့်ကိုယောက်ျားပီပီသသဖွင့်ပြောလိုက်ရမလားလို့လေ။အဲ မဟုတ်သေးဘူး၊ ဖွင့်ပြောလိုက်ရင် စကားမပြောတတ်တဲ့ ကိစ္စတွေပါ ပေါ်ကုန်တော့မှာပေါ့။ဒါမှမဟုတ် လက်အမူအရာနဲ့ပဲဆိုရင်ရော။အာ မဟုတ်သေးဘူး၊ နေပါဦး သူအခုလောဘတွေတက်နေတာလား။ဒီတိုင်းလေးပဲ အနားမှာရှိရရုံနဲ့တင်ကျေနပ်တယ် ပြောခဲ့ပြီးတော့လေ။အဓိကကတော့ မောင်က သူ့ကိုချစ်နေတယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပဲ။သူက ရှေးရေစက် မှမဟုတ်တာ။
ထိုအချိန် တစ်ယောက်တည်းခေါင်းညိမ့်ခေါင်းခါဖြစ်နေသည့် အိမ်မက်သခင် ကို ရှေးရေစက် ကအကဲခတ်ကြည့်နေပါသည်။
"ဘယ်လိုလဲ အစ်ကို၊ ဖွင့်ပြောမလား"
"မဖြစ်ပါဘူး ရှေး ရယ်၊ အာ ထားလိုက်ပါတော့ ဒီအတိုင်းလေးပဲကောင်းပါတယ်"
"အစ်ကို ချစ်တဲ့လူနဲ့ချစ်သူတွေမဖြစ်ချင်ဘူးလား"
"ဖြစ်ချင်ပေမယ့် မဖြစ်နိုင်ပါဘူး၊ သူ့ကို အစ်ကိုလှမ်းမှီနိုင်မှာမဟုတ်ဘူး၊ သူတွေးထားသလို လက်တွဲဖော်တစ်ယောက်လည်း ဖြစ်ပေးနိုင်မှာမဟုတ်ဘူး အဟင်း"
ESTÁS LEYENDO
Master's Blind Boy (COMPLETED)