private jet ဖြင့်နိုင်ငံရပ်ခြားကို နှစ်ယောက်သားခရီးနှင်ခဲ့ကြသည်။ပထမဦးဆုံးအကြိမ် ခရီးဝေးကိုသွားရတာဖြစ်ပြီး ပထမဦးဆုံးအကြိမ် လေယာဉ်စီးဖူးတာဖြစ်တာမို့ ရှေးရေစက် ရဲ့စိတ်တွေလှုပ်ရှားနေခဲ့ပါသည်။
မှန်ပြတင်းပေါက်ကနေအပြင်ဘက်ကိုကြည့်လိုက်တိုင်း မြင်နေရတဲ့တိမ်စိုင်တွေကို သူသဘောကျမိသည်။အခုဆိုရင် ဦးစစ်နှင့်သူက လေပေါ်မှာပျံသန်းနေတာပေါ့နော်။
"ဘယ်လိုခံစားရလဲ"
ပုခုံးကနေဆွဲဖက်လိုက်တဲ့ ဦးစစ် ကြောင့် သူအလိုက်သင့်လေး ရင်ခွင်ကျယ်ကြီးထဲ မှီတွယ်လိုက်သည်။
"စိတ်လှုပ်ရှားနေတယ်"
"စိတ်ထဲမသက်သာတာတစ်ခုခုရှိရင်ပြောနော်"
ဦးစစ် ရဲ့ရင်ခွင်ထဲကိုပိုတိုးဝင်ရင်း သူဖက်တွယ်ထားလိုက်ပါသည်။
"အနားမှာ ဦးစစ် ရှိနေတာပဲဟာ၊ မကောင်းတဲ့ခံစားချက်ဆိုတာ ဘယ်ဆီနေမှန်းတောင်မသိပါဘူး"
သူ့စကားကြောင့် ဦးစစ် ဆီကနေသဘောတကျရယ်သံထွက်လာပါတော့သည်။
:
နှစ်နာရီနီးပါးခရီးနှင်ပြီးတဲ့အချိန်မှာတော့ လေယာဉ်ကမြေပြင်ပေါ်ဆင်းသက်ပါသည်။လေယာဉ်ဆင်းသက်ရန်အတွက် ကွင်းတစ်ခုသာထီးထီးမားမားရှိနေပြီး ထိုအနီးအနားမှာလည်း အနက်ရောင်ဝတ်စုံကိုယ်စီဖြင့်လူတွေရှိနေပါသေးသည်။
"ဆင်းကြမယ် ကလေးငယ်"
ဦးစစ် ကလေယာဉ်ပေါ်ကနေအရင်ဆင်းပြီး သူဆင်းရမယ့်အလှည့်ကြတော့ လက်နှစ်ဖက်ဆန့်တန်းပေးကာချီခေါ်ရန်ပြင်သည်။သူပြုံးလိုက်မိရင်း ဦးစစ် ရဲ့ရင်ခွင်ထဲကိုခုန်ဆင်းလိုက်သည်။ထို့နောက် ဦးစစ် ကသူ့ကိုရင်ခွင်ပိုက်ပုံစံချီပြီး တစ်နေရာကိုဦးတည်သွားပါသည်။
:
"ဝါးး ဟိုမှာကျန်ခဲ့တဲ့အိမ်အတိုင်းပဲ"
ဦးစစ် ချီထားတဲ့အတိုင်းကနေ အိမ်ကြီးကိုစူးစမ်းကြည့်ရင်း သူပြောလိုက်တော့ ဦးစစ် ကခေါင်းအသာညိမ့်ပြပြီး သူ့ကိုဆိုဖာပေါ်မှာထိုင်စေသည်။
ČTEŠ
Master's Blind Boy (COMPLETED)