MBB-40(final)

4.8K 187 6
                                    

ဒီသာလွှမ်း နှင့် နှင်းဝိုင် တို့၏မင်္ဂလာပွဲကို မြို့တော်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပဖြစ်ခဲ့သည်။ဘာသာမတူတာကြောင့် ခန်းမအကျယ်ကြီးထဲမှာသာ မင်္ဂလာအခန်းအနားလုပ်ပြီး လက်ထပ်ကြမှာဖြစ်သည်။

သခင်ကြီးရဲ့လက်ထောက်ကြီးကို ဥက္ကဌကြီးဒီသာလွှမ်း ကချစ်လွန်းလို့ မရမကကြိုးစားယူထားတယ် ဆိုတဲ့သတင်းကအတော်လေးပျံ့နေပြီး အကုန်လုံးကလည်းစိတ်ဝင်တစားဖြစ်နေကြသည်။ထို့ကြောင့် မင်္ဂလာပွဲအား တက်ရောက်ဂုဏ်ပြုကြသူတွေ အတော်လေးများသည်။ဝမ်းမြောက်ဝမ်းသာဖြင့် ချီးမြှောက်ဂုဏ်ပြုကြပါသော ဧည့်ပရိတ်သတ်တွေအား သတို့သားနှစ်ယောက်တင်မကဘဲ နှစ်ဖက်မိဘတွေအပါအဝင် သခင်ကြီးတို့စုံတွဲနှင့်သူဌေးမင်းတို့စုံတွဲလည်း လက်မလည်နိုင်အောင် နှုတ်ဆက်ဂါဝရပြုနေရပါသည်။

"ကဲ ကဲ မင်္ဂလာအခမ်းအနားစဖို့ သားတို့နှစ်ယောက်စင်ပေါ်သွားကြတော့"

"ဟုတ်ကဲ့ ပါးပါး"

ဒီသာလွှမ်း ရဲ့အဖေလုပ်သူသတိပေးလိုက်တော့မှပဲ သတို့သားနှစ်ယောက် စင်ပေါ်တက်ဖို့သတိရကြသည်။

နို့နှစ်ရောင် suit ဝမ်းဆက်လေးဖြင့် သပ်ရပ်ခန့်ညားချောမောနေပါသော နှင်းဝိုင် ရဲ့လက်ကလေးကိုကိုင်ဆွဲရင်းလျှောက်နေတဲ့ ဒီသာလွှမ်း ရဲ့ခြေလှမ်းတွေဟာ တက်ကြွပျော်ရွှင်မှုအပြည့်နှင့်ပင်။

ဘေးနားကအပြုံးတွေတောက်ပနေသူကိုကြည့်ကာ နှင်းဝိုင် လည်းထပ်တူပြုံးပျော်ရသည်။အစစအရာရာပြီးပြည့်စုံနေတဲ့ ချစ်ရသူက ချစ်ခြင်းမေတ္တာတွေ ပျော်ရွှင်ခြင်းတွေ အားလုံးနှင့်ထိုက်တန်တာမို့ နှင်းဝိုင် အစွမ်းကုန်ချစ်ပေးဖို့ပြင်ထားပါသည်။

သတို့သားနှစ်ယောက်စင်ပေါ်ရောက်တဲ့အခါ အသံတွေတိတ်သွားကြပြီး ဧည့်ပရိတ်သတ်တွေရဲ့အာရုံတွေက သတို့သားနှစ်ယောက်ဆီရောက်လာခဲ့သည်။

နောက်ဆုံးမှာတော့ အသက်တမျှချစ်ရသူလေးကို ဒီသာလွှမ်း ပိုင်ဆိုင်ရတော့မှာပေါ့။ခွဲခွါခဲ့ရတဲ့အချိန်ဟာ တစ်နှစ်ဆိုပေမယ့်လည်း စက္ကန့်တွေဖြင့်ရေတွက်လျှင် အများကြီးရှည်ကြာတာမို့ အလွမ်းဒါဏ်ကိုအလူးအလဲခံစားခဲ့ကြရသည်။ထို့ကြောင့် အခုကစပြီး ဘယ်တော့မှ မခွဲကြတော့ဘူးလို့ ဒီသာလွှမ်း ဆုံးဖြတ်ထားပါသည်။

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora