MBB-16(zawgyi)

936 27 0
                                    

ဒီနေ့မှာတော့ ဦးစစ် ကအလုပ်ကိစ္စရှိတာကြောင့် ကုမ္ပဏီကိုသွားရသည်။သူ့ပတ်ဝန်းကျင်ဟာ သာမာန်ထက်ပိုပြီး တိတ်ဆိတ်နေတယ်လို့ ဆိုရလေမလား။အရင်လို အနားမှာလိုက်ကပ်တွယ်ပြီး ပွတ်သီးပွတ်သပ်လုပ်မယ့်လူကြီးမရှိတာကြောင့်လေ။

""လျှံ ပြောတော့ လျှံ ကကိုကို့အပိုင်ဆို""

ထိုစကားကို သူခေါင်းတညိမ့်ညိမ့်လုပ်ပြီးထောက်ခံလိုက်သည်။

""ကျွန်တော်တို့နှစ်ယောက်ကမဖြစ်နိုင်တော့ဘူး""

""မဟုတ်ဘူး! မပြောနဲ့! ငါတို့ရဲ့ဇာတ်လမ်းမစခင်တုန်းက မင်းအဲ့လိုမပြောခဲ့ဘူးလေ! ငါတားနေတဲ့ကြားထဲက မင်းငါ့ဘဝထဲကိုဇွတ်တိုးဝင်ခဲ့တာလေ! အ..အခုကျမှ ကိုကို့ဘဝထဲကနေ ဘာလို့ထွက်သွားချင်ရတာလဲ""

ထိုသူ့ရဲ့ စူးရှနေကျမျက်ဝန်းတွေဟာ အခုအချိန်မှာတော့ ဖျော့တော့နေလေပြီ။

""ဟုတ်တယ်! ဟုတ်တယ်! ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းပါ! ဒါပေမယ့်..ဒါပေမယ့် ကျွန်တော်အခု ရှေ့ဆက်ဖို့အင်အားမရှိတော့ဘူး""

""မင်းငါ့ကို ဘာကတိတွေပေးခဲ့လဲ! စောက်ရေးမပါတာတွေ! အကုန်စောက်ရေးမပါတာတွေ!""

ဒုန်း! ဝုန်း! ခွမ်း!

""အာ့!""

ဒေါသကြီးနေသူ ဝုန်းဒိုင်းကျဲပစ်ခွဲလိုက်တဲ့အရာတွေရဲ့ အကျိုးဆက်ဟာ ထိုသူရဲ့ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကောင်လေးရဲ့ပါးပြင်ပေါ် ထိရောက်သွားသည်။

ကောင်လေးရဲ့နာနာကျင်ကျင် အော်သံကြောင့် အခြေအနေတွေအားလုံးငြိမ်သက်သွားပြီး ဒေါသကြီးနေသူရဲ့မျက်ဝန်းတွေမှာ နောင်တတရားတွေစွန်းထင်းသွားပါတော့သည်။

""သွား! ထွက်သွား! ငါနဲ့မပတ်သတ်နဲ့တော့! ငါ..ငါ မင်းကိုလွှတ်ပေးလိုက်မယ်၊ ကိုကို..ကိုကို လျှံ ကိုလွှတ်ပေးလိုက်ပါ့မယ်၊ သွား..ပါတော့၊ မင်းသဘောပဲ၊ အကုန်မင်းသဘောပဲ!"

ထိုစကားအဆုံးမှာ အခန်းကျဉ်းထဲမှပြေးထွက်သွားပါသောကောင်လေး။ကျန်နေခဲ့သူမှာတော့အရုပ်ကြိုးပျက်သွားသလိုပင်။

**မချစ်တော့လို့မဟုတ်ဘူး ကိုကို၊ ချစ်ရမှာကို ကြောက်သွားခဲ့တာပါ၊ တကယ်လို့ ကိုကိုသာ ကိုကို့ရဲ့အတ္တတွေကို နည်းနည်းလောက်ဖြစ်ဖြစ်လျော့ခဲ့မယ်ဆိုရင်......**

Master's Blind Boy (COMPLETED)Tahanan ng mga kuwento. Tumuklas ngayon