MBB-13

4.1K 274 7
                                    

တစ်နှစ်ခန့်ကြာပြီးနောက်....

အဖြူရောင်နံရံပြင်ထက်မှာ လျှာနှစ်ခွဖြင့် မာန်ဖီနေသည့် အဖြူရောင် ခြင်္သေ့ဘုရင်ကြီးရဲ့ရုပ်ပုံက ဝင့်ကြွားစွာဖြင့်။ထိုဘေးနားတွင် ယဉ်တွဲလျှက်ချိတ်ဆွဲထားသည့် အပြာရောင်မီးတောက်တွေကြားထဲမှာ အပြာရောင်နှင်းဆီပန်းတစ်ပွင့်ကို ပါးစပ်၌ကိုက်ချီထားတဲ့ နှင်းဝံပုလွေဖြူကြီးရဲ့ ပုံကလည်းအရှိန်အဝါမသေးလှပါ။

အဖြူရောင်အလင်းတန်းတွေကိုဖြန့်ကျက်ပေးနေသည့် မီးဆိုင်းအဖြူရောင်ကြီးက မျက်နှာကျက်ထက်မှာ တွဲလျောင်းကျလျှက် တင့်တယ်စွာ။

လူတစ်ရပ်ကျော်သည့် ပြတင်းပေါက်လိုက်ကာစ အဖြူရောင်တွေဟာ ငွေမှုန်စတလက်လက်ဖြင့် ပြိုးပြိုးပျက်ပျက်ရှိလှပါသည်။

ဆိုဖာခုံအဖြူရောင်၊ king size bed ခုတင်အဖြူရောင်၊ ညမီးအိမ်အဖြူရောင်၊ ကုတင်ဘေးနားက ညမီးအိမ်တင်ထားသည့် စားပွဲကလည်းအဖြူရောင် စသဖြင့် အခန်းတစ်ခုလုံး အဖြူရောင်တွေဖြင့်သာပြည့်နေသော်လည်း အဖြူရောင်စားပွဲပေါ်မှာ ညမီးအိမ်နှင့်ယှဉ်တွဲတင်ထားသည့် ပန်းအိုးအဖြူရောင်ထဲက နှင်းဆီပန်းတွေကတော့ ထူးထူးခြားခြား မိုးပြာရောင်ဖြစ်နေခဲ့သည်။

King size bed ခုတင်အဖြူရောင်အကျယ်ကြီးထက်မှာ ဂွမ်းစောင်အဖြူရောင်ကြားထဲမြုပ်နေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကောင်လေးတစ်ယောက်။အနက်ရောင်ဆံနွယ်လေးတွေဟာ စွတ်စွတ်ဖြူနေတဲ့အဖြူရောင်တွေကြားထဲမှာ ထင်းခနဲဖြစ်နေသည်။စေ့ပိတ်ထားတဲ့မျက်ခွံတွေကြောင့် သိသိသာသာကော့ညွတ်နေတဲ့ အနက်ရောင်မျက်တောင်ရှည်လေးတွေ။ဖြူနုလွန်းနေတာမို့ အရောင်စုံသွေးကြောမျှင်လေးတွေ မြင်နေရတဲ့ ပါးပြင်သွယ်သွယ်နှစ်ဖက်။ဆေးအကူကြောင့်မဟုတ်ပါဘဲ နဂိုပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းပါးလေး။အဖြူရောင်တွေကြားထဲမှာ ထိုမျက်နှာပြင်အစိတ်အပိုင်းလေးတွေရဲ့အရောင်အသွေးက သိသိသာသာထင်ရှားနေပါသည်။

ထိုအချိန်

ဂျောက်!

ညင်သာသည့် အခန်းတံခါးပွင့်သံခပ်တိုးတိုးပေါ်ထွက်လာသည်။ပွင့်သွားသည့်အဖြူရောင်အခန်းတံခါးရဲ့ နောက်ကွယ်မှ အဖြူရောင်သဘက်တစ်ထည်ကို ခါးထက်မှာလျော့တိလျော့ရဲပတ်ထားသည့် လူတစ်ယောက်ထွက်လာခဲ့သည်။

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora