MBB-25

2.3K 185 12
                                    

"ဟားဟား အခုမှပဲ အသက်ရူရချောင်တော့တယ် တူလေးရေ၊ ညကသတင်းတွေ့လိုက်ရတာ အားရချက်ပဲ၊ ကောင်းတယ်! အဲ့လိုလောဘသားတွေက ထောင်ထဲမှာပဲအရိုးဆွေးသွားရမှာ! ဟင်းဟင်း!"

ဝမ်းသာအားရဖြင့် လက်သီးလက်မောင်းတန်းပြီး ပြောနေသည့် ဦးထွန်းမင်း ရဲ့စကားကြောင့် ရှေးရေစက် ကဖွဖွပြုံးလိုက်ပါသည်။

"လောဘသားတွေက ထောင်ထဲမှာပဲအရိုးဆွေးသွားရမယ်ဆိုတာ ဖြစ်သင့်လား ဦးလေး"

"ဟော သေချာပေါက်ဖြစ်သင့်တာပေါ့ ငါ့တူရ၊ သူတို့လို လူတွေကိုဒုက္ခပေးနေတဲ့လူတွေက ထောင်ထဲမှာပဲနေသင့်တယ်"

ပြောပြောဆိုဆိုဖြင့်  ဦးထွန်းမင်း ကကော်ဖီတစ်ငုံမော့သောက်လိုက်သည်။ထို့နောက် မနက်စာကိုအေးအေးဆေးဆေးစားနေကြတဲ့ သခင်ကြီးနှင့်ရှေးရေစက် တို့ကိုကြည့်ကာ ခိုးပြုံးလိုက်ပါသည်။အခုအချိန် လောကကြီးထဲမှာ ကံအကောင်းဆုံးနှင့်အပျော်ဆုံးလူသားကိုပြပါဆိုလျှင် သေချာပေါက် သူပါပဲ။

"ထောင်က ဦးလေးအတွက် ဘယ်လိုမျိုးလဲ"

မနက်စာအစားမပြတ်ဘဲ ရှေးရေစက် ကမေးလိုက်တော့ ဦးထွန်းမင်း စဉ်းစားသွားရသည်။

"ဘာကိုမေးတာလဲ တူလေး"

"တကယ်လို့ ဦးလေးသာ ထောင်ထဲမှာနေရမယ်ဆိုရင် ဘယ်လိုခံစားရမလဲလို့ မေးကြည့်တာပါ"

ထိုအခါ ဦးထွန်းမင်း တစ်ယောက် မျက်လုံးပြူးမျက်စံပြူးဖြစ်သွားခဲ့ပြီး

"ဟော ဖွဖွလွယ်ပါစေ ငါ့တူရယ်၊ မဖြစ်နိုင်ဘူး၊ စဉ်းစားလိုက်ရုံနဲ့တင် ကြက်သီးထတယ်၊ ထောင်ထဲမှာသာ နေရမယ်ဆိုရင် ရူးသွားမလားပဲ ဟဟား!"

ထိုစကားကို ရှေးရေစက် ကခေါင်းတညိမ့်ညိမ့်ဖြင့် ခပ်ပြုံးပြုံးသာတုန့်ပြန်လိုက်ပါသည်။

"ဪ ဒါနဲ့လေ ဦးလေး မေးမယ်မေးမယ်ဆိုပြီး မမေးဖြစ်တာတစ်ခုရှိတယ်"

"ဘာများလဲ ဦးလေး"

ရုတ်တရက် ဦးထွန်းမင်း ကအသံတိတ်သွားပြီး ရှေးရေစက် ကိုစူးစမ်းကြည့်လိုက်သည်။ထိုအကြည့်တွေကို ရှေးရေစက် ခံစားမိနေပေမယ့် မသိသလိုဖြင့်သာ မနက်စာစားနေလိုက်ပါသည်။

Master's Blind Boy (COMPLETED)Where stories live. Discover now