MBB-12

4.4K 326 13
                                    

"ဘာလို့ ကျွန်တော့်အပေါ် အဲ့လို လုပ်ကြရတာလဲ!"

"ကလေးငယ်"

"ပြောပြပါ၊ ဦးစစ် ကလူကောင်းတစ်ယောက်ဆိုတာကို ကျွန်တော်သိတယ်၊ ဒါပေမယ့် ဘာလို့ ကျွန်တော့်ကိုအိမ်ပြန်ခွင့်မပေးခဲ့တာလဲဆိုတာပြောပြပါ၊ ဦးစစ် ရဲ့အိမ်မှာအလုပ်သမားတွေအများကြီးရှိရက်နဲ့ ဘာလို့! ဘာလို့ ကျွန်တော့်လိုမျက်မမြင်တစ်ယောက်ကို အလုပ်လုပ်ဖို့ခေါ်ထားရတာလဲ"

ကလေးငယ်ရဲ့အနားကို သူတစ်လှမ်းချင်းတိုးကပ်သွားမိသည်။

"ကျွန်တော်အခုတွေးနေတာတစ်ခုကလေ အဲ့တုန်းက ဦးစစ် သာကျွန်တော့်ကိုအိမ်ပြန်ခွင့်ပေးခဲ့မယ်ဆိုရင်..."

သူရှိရာဘက်ကို ဆတ်ခနဲလှည့်လာသည့် ကလေးငယ်ရဲ့ခန္ဓာကိုယ်ဟာ တုန်ယင်စွာဖြင့်။နီရဲနေတဲ့မျက်နှာပြင်တစ်ခုလုံးမှာ မျက်ရည်တွေစိုစွတ်နေသည့် ကလေးငယ်ဟာ အောက်နှုတ်ခမ်းပါးကိုလည်းခပ်တင်းဖိကိုက်ထားသေးသည်။

"ဘာလို့လဲ ဦးစစ်၊ ကျွန်တော်သိချင်တယ်"

"မြင်မြင်ချင်းချစ်မိသွားခဲ့လို့"

"................"

"ကိုယ်မင်းကို မြင်မြင်ချင်း ရင်တွေခုန်ပြီး ချစ်မိသွားခဲ့လို့၊ ကိုယ့်အနားမှာ မင်းကိုရှိစေချင်လို့၊ ခေါ်ထားခဲ့မိတာပါ"

သူ့စကားအဆုံးမှာ ကလေးငယ်ဟာ ခေါင်းငိုက်စိုက်ကျကာ အသံတိတ်သွားခဲ့သည်။ကလေးငယ်ရဲ့အနီးအနားထိတိုးကပ်သွားလိုက်ပြီး ပုခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့ ရှိုက်သံတိုးတိုးထွက်လာတဲ့ ကလေးငယ်။

"ကိုယ်မင်းကိုချစ်တယ် ကလေးငယ်"

လေနှင်ရာပါတော့မည့်နှယ် ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲထည့်ပြီး ခပ်တင်းတင်းဖက်ထားလိုက်သည်။

"အင့်! လူတွေရဲ့စိတ်ကို ကျွန်တော် နားမလည်နိုင်တော့ဘူး၊ ဒီတစ်ခါမှာလည်း သူတို့က ကျွန်တော်နဲ့မတူပြန်ဘူး၊ ဟင့်! ဘာလို့ မတူတာတွေ အဲ့လောက်များနေရတာလဲ!"

ကလေးငယ်က သူ့ခါးကိုခပ်တင်းတင်းပြန်ဖက်လာပြီး သူလေးနားမလည်တဲ့အကြောင်းအရာတွေကို သူ့ထံဖွင့်ဟလာသည်။

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora