{၁၈အပေါင်းတွေဆိုပေမယ့် အပေါ်နားနဲ့အောက်ဆုံးနားမှာ ဇာတ်ကွက်လေးတွေပါတာမို့ မမှောင်ချင်တဲ့လူတွေ ကျော်ခွပြီးဖက်လိုက်ကြပါဦးနော်❤️}
"အစ်ကိုက အစ်ကိုကြီးကိုတော်တော်ချစ်တာပဲ၊ နှစ်ခါတောင်မခေါ်ရဘူး ပြန်လိုက်သွားပြီ"
ခုတင်ပေါ်မှာ ဝတ်စုံအပြည့်ဖြင့်ထိုင်နေတဲ့ ရှေးရေစက် ဆီမှထွက်ကျလာသောစကားဖြစ်သည်။ထိုစကားကြောင့် အပေါ်ကုတ်အင်္ကျီချွတ်နေသော စစ်တုရင် ကခပ်ဖွဖွပြုံးလိုက်သည်။
"ကလေးငယ်က မလိုက်စေချင်ဘူးလား"
"အာ အဲ့လိုတော့မဟုတ်ပါဘူး၊ ချစ်တဲ့လူတွေအတူတူနေကြတာကောင်းတာပေါ့၊ အစ်ကိုကြီးအမြင်မှန်အမြန်ရသွားတာကိုပဲဝမ်းသာတယ်၊ မဟုတ်ရင် အစ်ကိုကဝမ်းနည်းနေရဦးမှာ"
"မြှားနတ်မောင်လုပ်ရတာ ပျော်လား"
သူ့အနားကိုလျှောက်လာကာ သူ့ပါးကိုဖွဖွဆွဲပြီး ဦးစစ် ကမေးလာတာမို့ ရှေးရေစက် သွားလေးဖြီးကာသာရယ်ပြလိုက်ပါသည်။ကိုယ့်အစ်ကိုအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့သူက သူချစ်တဲ့လူကိုပိုင်ဆိုင်ခွင့်ရသွားတာမို့ ပျော်ပါသည်။
"အဝတ်အစားလဲ ကိုယ်လက်သန့်စင်ပြီး အိပ်ကြရအောင် ကလေးငယ်၊ အချိန်မနည်းတော့ဘူး"
ညဉ့်နက်ပိုင်းမှပွဲပြီးတာမို့ အခုဆို အချိန်ကညသန်းခေါင်တောင်ကျော်နေပြီဖြစ်သည်။
စစ်တုရင် ကပြောပြောဆိုဆိုဖြင့် ဝတ်စုံပြည့်ကိုချွတ်လိုက်တာ ခါးထက်မှာပုဝါအဖြူတစ်ထည်ပတ်ထားလိုက်သည်။ထိုအချိန်ထိ ရှေးရေစက် ကတော့ခုတင်ပေါ်မှာ မလှုပ်မယှက်သာထိုင်နေပါသည်။
"အိပ်ငိုက်နေတာလား"
စစ်တုရင် မေးလိုက်တော့ ရှေးရေစက် ကခေါင်းလေးခါပြပြီး
"ဟင့်အင်း၊ မအိပ်ချင်တာ၊ နေ့လည်ကအိပ်ထားလို့လားမသိဘူး၊ အခုမအိပ်ချင်ဘူး"
"မပင်ပန်းဘူးလား"
"ထိုင်နေရတာကများတဲ့ဟာကို မပင်ပန်းပါဘူး"
"တကယ်လား"
"ဟုတ်၊ စိတ်မပူပါနဲ့၊ ကိုယ်မပင်ပန်းဘူး"
VOUS LISEZ
Master's Blind Boy (COMPLETED)