MBB-38

2.1K 164 6
                                    

တစ်နှစ်ခန့်ကြာပြီးနောက်....

"အစ်ကိုနဲ့တောင်မတွေ့ဖြစ်တာလပိုင်းလောက်ရှိပြီ၊ ဒီနေ့ပွဲကို အစ်ကိုလည်းလာမှာမလားဟင်"

"မင်းမျိုးဗီဇ ကသေချာပေါက်ခေါ်လာမယ်ထင်တယ်"

ရှေးရေစက် ပြုံးပြုံးလေးဖြင့် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။

နှစ်ယောက်သားသေသေချာချာလေးပြင်ဆင်ပြီးသွားတော့မှ အောက်ထပ်ကိုဆင်းခဲ့လိုက်ကြသည်။

"ဟင် အစ်ကိုနှင်းဝိုင် ရောလိုက်မှာလား"

ကားအနားမှာ ဝတ်စုံပြည့်ဖြင့်သန့်ပြန့်နေတဲ့ နှင်းဝိုင် ကိုတွေ့လိုက်ရတာမို့ ရှေးရေစက် ကခပ်မြူးမြူးလေးမေးလိုက်မိတော့ နှင်းဝိုင် ကအပြုံးလေးဖြင့် ခေါင်းညိမ့်ပြလာပါသည်။

"ဟုတ်တယ်၊ ဒီနေ့ပွဲကို ကိုယ်တို့သုံးယောက်သွားမှာ"

"ဟုတ်"

"သွားဖို့အဆင်သင့်ဖြစ်ပါပြီ သခင်ကြီး"

"ကောင်းပြီ"

ထိုသို့ဖြင့် နှင်းဝိုင် ကကားမောင်းသူနေရာမှာထိုင်ပြီး သခင်ကြီးတို့စုံတွဲကတော့ ကားအနောက်ခန်းထဲမှာယှဉ်တွဲထိုင်ကာ မြို့တော်ဝန်ဦးစီးကျင်းပသည့် လုပ်ငန်းရှင်များညစာစားပွဲသို့ ထွက်လာခဲ့ကြတော့သည်။

:

အရင်နှစ်တွေကအတိုင်းပဲ ညစာစားပွဲဟာ စည်ကားသိုက်မြိုက်သလို ဟိတ်ကြီး ဟန်ကြီးလည်းများလှပါသည်။

"ဟော သခင်ကြီးတို့လာကြပြီ"

ထုံးစံအတိုင်း သခင်ကြီးဆိုတာနဲ့ လူတွေရဲ့အာရုံအလုံးစုံက ကျရောက်လာပါတော့သည်။လက်ချင်းတွဲကာ လူကြားထဲဖြတ်လျှောက်လာသည့် သခင်ကြီးတို့စုံတွဲရဲ့ အရှိန်အဝါကမသေးလှပါ။

"လာကြပါ သခင်ကြီးတို့၊ ဒီဘက်ကိုကြွကြပါ"

အသက်သာကြီးသွားတယ် အရင်လိုသန်မာနေစဲဖြစ်တဲ့ မြို့တော်ဝန်ရဲ့ဦးဆောင်ခေါ်ရာအနောက်ကို သခင်ကြီးတို့လိုက်သွားကြသည်။

သတ်မှတ်ထားတဲ့နေရာမှာတော့ လုင်ငန်းရှင်အကြီးပိုင်းတချို့ ကြိုရောက်နေကြပြီး ထိုထဲမှာ သူဌေးမင်းမင်းမျိုးဗီဇ တို့စုံတွဲလည်းပါဝင်ပါသည်။

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora