MBB-39

2.2K 141 0
                                    

+အလစ်တဲလေးပါပါမယ်❤️‍🔥

"တခြားလူဆိုရင် ငါကရက်ရက်ရောရောနဲ့လိုက်ပါ့မလား၊ စဉ်းစားလေ! နောက်ပြီး မင်းအပြင်လည်း ငါ့ကိုဘယ်သူမှလာတောင်းမယ့်လူမရှိဘူး"

နှင်းဝိုင် ရဲ့ဆူပုတ်ပုတ်မျက်နှာထားဖြင့်စကားကြောင့် ဒီသာလွှမ်း ပြုံးလိုက်မိသည်။သို့ပေမယ့် အင်္ကျီကြယ်သီးဖြုတ်နေတာကိုတော့မရပ်ဖြစ်။

"မင်းနဲ့ငါနဲ့ suit အရောင်အတူတူပဲနော်"

"အခုမှသိတာလား"

"အင်း အခုမှသတိထားမိတာ"

ဒီသာလွှမ်း ကတော့အစကတည်းက နှင်းဝိုင် ဝတ်နေကျအရောင်ပဲရွေးဝတ်လာတာမို့ ဆင်တူဆိုတာကိုသိသည်။

"အဲ နေဦး"

ဘောင်းဘီချွတ်မလို့ပြင်ရုံရှိသေး တားလာသူကြောင့် ဒီသာလွှမ်း ကြည့်လိုက်တော့ တရားခံဖမ်းမယ့်မျက်လုံးတွေကိုတွေ့လိုက်ရသည်။

"ဘာအကြည့်တုန်း"

"မင်း နိုင်ငံခြားမှာ ဘာမှမပွေမရှုပ်ခဲ့ပါဘူးနော်"

"မင်းက ဘယ်လိုထင်လို့တုန်း"

"ပြန်မမေးနဲ့လေ ငါမေးတာကိုပဲဖြေ"

ဒီသာလွှမ်း ခေါင်းခါရင်းရယ်မိသည်။ဒီကကောင်က သူမှသူဖြစ်နေတဲ့ဟာကို ဘယ်သူနဲ့ရှုပ်ရဦးမှာလဲ။

"မင်းငါ့ကိုယုံရင် ငါမပွေရှုပ်ခဲ့ဘူးပေါ့"

"..............."

"မင်းငါ့ကိုမယုံရင်တော့ ငါပွေရှုပ်ခဲ့တယ်ပေါ့၊ အဓိကက မင်းငါ့အပေါ်ယုံကြည်မှုနဲ့ပဲဆိုင်တယ်"

ဒီသာလွှမ်း ရဲ့စကားကြောင့် နှင်းဝိုင် အသံတိတ်သွားပြီး တွေတွေငေးငေးဖြစ်သွားသည်။

"ဘယ်လိုလဲ ငါဆက်လုပ်ရမှာလား"

နှစ်ယောက်စလုံးက ကိုယ်လုံးတီးဖြစ်ဖို့ဘယ်လောက်မှမလိုတော့တာမို့ ဒီသာလွှမ်း မေးလိုက်ရခြင်းဖြစ်သည်။နှင်းဝိုင် စိတ်မပါရင်တော့ဖြင့် သူလည်းမလုပ်ချင်ပါ။

"မလုပ်ရတော့ဘူးလား"

"................."

"ဝိုင်"

Master's Blind Boy (COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ