MBB-21

2.9K 188 5
                                    

အလုပ်မရှိပေမယ့်လည်း ပုံမှန်နိုးနေကျအချိန်မှာပဲ သူနိုးလာခဲ့သည်။မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးတာနဲ့ ထမင်းစားခန်းထဲကို ဦးတည်လိုက်ပါသည်။

"ဟော လက်ထောက်ကြီး နိုးပြီလား၊ လာ လာ မနက်စာစားရအောင်"

ထမင်းစားခန်းထဲရောက်တာနဲ့ အန်တီဝေက သူ့အတွက်ထိုင်ခုံဆွဲထုတ်ပေးပြီး ဝင်ထိုင်​စေသည်။

"ထမင်းကြော်လား အန်တီဝေ"

"ဟုတ်တယ် လက်ထောက်ကြီး၊ သီးစုံထမင်းကြော်၊ မျိုးကြော်ထားတာလေ"

"အစ်မမျိုး လက်စွမ်းပြထားတာပေါ့"

"ဟုတ်ပ၊ ရေခဲသေတ္တာထဲရှိသမျှ အသီးအရွက်တွေအကုန်ထည့်ပြီးကြော်ထားတာပဲ"

"ကောင်းမှာပါ၊ အနံ့ကတော့မွှေးနေတာပဲ"

"ကောင်းတယ် ကောင်းတယ်၊ အလုပ်သမားတွေအကုန်စားပြီးသွားကြပြီ"

သူခေါင်းတဆတ်ဆတ်ညိမ့်လိုက်ပြီး ဖွယ်ဖွယ်ရာရာပြင်ပေးထားတဲ့ မနက်စာကိုစစားလိုက်သည်။အန်တီဝေဝေ ကတော့လုပ်စရာရှိတာတွေလုပ်ဖို့ စားဖိုဆောင်ထဲပြန်ဝင်သွားလေပြီ။

"နိုးနေပြီလား လက်ထောက်ကြီး"

ထိုအချိန် ထမင်းစားခန်းထဲဝင်လာတဲ့ ဒေါ်သီတာ က နှင်းဝိုင် ကိုတွေ့ပြီးမေးလိုက်တာဖြစ်သည်။

"ဟုတ် နိုးပြီ၊ ဒေါ်သီ"

ဒေါ်သီတာ ကစားဖိုဆောင်ထဲဝင်သွားပြီးနောက် ကော်ဖီထုပ်တစ်ထုပ်ကိုင်ကာ ပြန်ထွက်လာပါသည်။ထို့နောက် နှင်းဝိုင် ရဲ့ဘေးနားကခုံမှာဝင်ထိုင်သည်။

"မနက်ခင်းကော်ဖီမသောက်ရသေးလို့ သောက်လိုက်ဦးမယ်"

"ဟုတ်"

"သခင်ကြီးမရှိတော့ လက်ထောက်ကြီးလည်းနားနေရတာပေါ့၊ မိဘတွေဆီပြန်ဖို့ရှိသေးလား"

"သခင်ကြီးက ဘယ်အချိန်မဆိုပြန်လာနိုင်လို့ မသွားတော့ပါဘူး၊ ဒီတိုင်းလည်း ဖုန်းအဆက်အသွယ်ရှိနေတာပဲလေ"

"အင်းလေ ဟုတ်တာပဲ၊ နေကောင်းကြတယ်မလား"

"ဟုတ်၊ သူတို့နေချင်တဲ့နေရာမှာနေနေရတော့ နှစ်ယောက်စလုံးစိတ်ချမ်းသာပြီး ပျော်နေကြတယ်ဗျ"

Master's Blind Boy (COMPLETED)Where stories live. Discover now