MBB-35

2.6K 181 5
                                    

"Necktie ကိုယ်စည်းပေးမယ် ကလေးငယ်"

"ဟုတ်"

Necktie စည်းပေးပြီးသွားတော့ ရှေးရေစက် ရဲ့တစ်ကိုယ်စာဝတ်စားဆင်ယင်မှုက ပြီးသွားလေပြီ။

"ကိုယ်လည်း ဦးစစ် ကိုစည်းပေးမယ်"

သခင်ကြီးစစ်တုရင် ရဲ့လည်တိုင်ထက်မှာလည်း တန်ဖိုးကြီး Necktie တစ်ခုကို ရှေးရေစက် ကပြန်စည်းပေးလိုက်သည်။

ထို့နောက်မှာတော့ နှစ်ယောက်စလုံးဝတ်စားပြင်ဆင်လို့ပြီးသွားပြီမို့ အောက်ထပ်ကိုဆင်းလိုက်ကြပါတော့သည်။

စံအိမ်ကြီးရဲ့ အိမ်ရှေ့မျက်နှာစာဆင်ဝင်အောက်မှာ ကားတွေစီတန်းရပ်ထားပြီး ထိုထဲမှာမှအဖြူရောင် luxurious ကားကိုတော့ အဖြူရောင်ဖဲကြိုးအနည်းငယ်နှင့်အပြာရောင်နှင်းဆီပန်းအနည်းငယ်တို့ဖြင့် ရိုးရိုးရှင်းရှင်းလေးအလှဆင်ထားပါသည်။

ဒီကနေ့ရဲ့ အဓိကဇာတ်လိုက်တွေဖြစ်တဲ့ သတို့သားနှစ်ယောက်ဟာ အဖြူရောင် suit ကိုယ်စီဖြင့် ကျော့ရှင်းတောက်ပနေကြသလို အဖွဲ့သားတွေနှင့်အိမ်တော်ရှိလူတွေအကုန်လုံးဟာလည်း အဖြူရောင်အဝတ်အစားတွေဖြင့် သပ်ရပ်ကြည့်ကောင်းနေကြပါသည်။အကုန်လုံးရဲ့မျက်နှာထက်မှာလည်း အပြုံးများဖြင့်ဝေဆာလျှက်။

သတို့သားနှစ်ယောက်အပေါ်ထပ်ကဆင်းလာတာမြင်တာနဲ့ luxurious ကားအနောက်ခန်းတံခါးကို နှင်းဝိုင် အဆင်သင့်ဖွင့်ထားပေးလိုက်သည်။

အိမ်တော်ရှိလူတွေအကုန်လုံးကို ရှေးရေစက် အပြုံးချိုချိုဖြင့် ပြုံးပြလိုက်ပြီး ဦးစစ် နှင့်အတူ ကားအတွင်းကိုဝင်ထိုင်လိုက်ပါသည်။ဒီနေ့မှာ အကုန်လုံးရဲ့မျက်နှာတွေဟာ အပြုံးတွေဖြင့်ကြည့်ကောင်းနေကြတာမို့ ရှေးရေစက် ရဲ့အမြင်အာရုံထဲသေသေချာချာလေးသိမ်းမှတ်ထားရမည့် အခိုက်အတန့်ပင်။အထူးသဖြင့် သူ့လက်ဖဝါးကိုခပ်တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ဘေးနားမှာယှဉ်တွဲရှိနေတဲ့ ဦးစစ် ရဲ့မျက်နှာပေါ်က အကြည့်မလွှဲနိုင်စရာအပြုံးချိုချိုလေးတွေကိုပေါ့။အခုအချိန်မှာ ဦးစစ် မျက်နှာတည်ထားရင်တောင် ရွှေဝါရောင်မျက်ဝန်းတွေကတော့ပြုံးနေတယ်ဆိုတာကို မြင်သမျှလူတိုင်းခန့်မှန်းမိမှာအသေအချာအပင်ဖြစ်သည်။

Master's Blind Boy (COMPLETED)Tempat cerita menjadi hidup. Temukan sekarang