MBB-22

2.7K 192 2
                                    

အခန်းအတွင်း နံရံကပ်စင်တွေမြောက်များစွာရှိနေသည်။စင်တွေအကုန်လုံးဟာ အဖြူရောင်သာဖြစ်နေပြီး စင်တွေပေါ်ရှိစီတန်းကာတင်ထားသော စာအုပ်တွေသာလျှင် အရောင်မျိုးစုံဖြစ်နေသည်။

အဖြူရောင်စားပွဲခုံအပေါ်မှာ ကမ္ဘာလုံးပုံစံငယ်တစ်ခုရှိနေပြီး သူ့ဘေးနားမှာလည်း မှန်ပြောင်းတွေ ထောက်ချွန်တွေ စက်ဝိုင်းခြမ်းတွေ တြိဂံပေတံတွေရှိနေသေးသည်။

လေးဖက်လေးလံအခန်းရဲ့ နံရံတစ်ခုမှာ အလင်းရောင်ကောင်းစွာရနေသည့် ပြတင်းပေါက်အရှည်တစ်ခုရှိနေပြီး လိုက်ကာစအဖြူကိုလူးလွန့်သည်အထိ တိုက်ခတ်နေတဲ့ လေကောင်းလေသန့်လည်းရပါသည်။

စာအုပ်တွေ စာရေးကိရိယာတွေ စာသင်ခန်းနှင့်ပက်သတ်သည့်အရာတွေသာ ပြည့်နှက်နေတဲ့ ထိုအခန်းရဲ့ အလည်ဗဟိုကျကျနေရာမှာ မျက်နှာချင်းဆိုင်ထိုင်နေသူ နှစ်ဦးရှိနေပြီး နှစ်ယောက်ရဲ့အလယ်မှာ စာပွဲခုံအသေးလေးတစ်ခုခြားထားသည်။ထိုစားပွဲခုံအပေါ်မှာတော့ အဖြူရောင် Chessboard တစ်ခုရှိနေပြီး ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဆီကို ဦးတည်နေပါသည်။

အပြာရောင်မှာ king,rook,နှင့် pawn တို့ရှိနေသေးပေမယ့် အဖြူရောင်မှာတော့ king တစ်ခုသာရှိပါတော့သည်။သို့သော် အပြာရောင်ကအလျင်စလိုလှုပ်ရှားလို့မရပါ။အကြောင်းအရင်းကတော့ တစ်ဖက်က king ဟာ နေရာအစုံကိုလျှောက်သွားလို့ရနိုင်သည့် ပန်းဝင်ထားသောအရာဖြစ်နေလို့ပင်။

မျက်မှောင်လေးကျုံ့လျှက် တိတ်ဆိတ်ငြိမ်သက်နေသော ရှေးရေစက် ကိုကြည့်ကာ စစ်တုရင် ကပြုံးနေပါသည်။ရှေးရေစက် ရဲ့အကြည့်တွေဟာ Chessboard အပေါ်မှာသာရှိနေသော်လည်း စစ်တုရင် ရဲ့အကြည့်တွေကတော့ သူ့အသည်းအသက်ဆီမှာသာ။

"ကိုယ်ဒီလိုသွားရင် ဦးစစ် ကဒီလိုလာမယ်၊ ကိုယ် ဒီဘက်ကသွားရင်လည်း ဒီလိုလာဦးမှာ ဟင်းး"

သက်ပြင်းတစ်ချချဖြင့် ခေါင်းရှုပ်နေပါသော ရှေးရေစက် ရယ်ပါ။

"ပွဲပြန်စလိုက်မလား"

မျက်ခုံးပင့်ပြပြီး မေးလိုက်သော စစ်တုရင် ကြောင့် ရှေးရေစက် ရဲ့မျက်နှာလေးဟာ ရှုံ့မဲ့သွားပြီး

Master's Blind Boy (COMPLETED)Where stories live. Discover now