"အခု စကားပြောနေတာလား အိမ်မက်သခင်"
အခန်းထဲကို တစ်လှမ်းချင်းလှမ်းဝင်လာသူအား အိမ်မက်သခင် ရော ရှေးရေစက် ပါအထိတ်တလန့်ဖြင့် ကြည့်နေမိကြသည်။
"ကိုယ်သေချာပေါက် မင်းစကားပြောနေတာကိုတွေ့လိုက်ပါတယ်၊ ပြောကြည့်ပါဦး"
"အစ်ကိုကြီး အဲ့ဒါက..."
"မင်းတိတ်တိတ်နေပေးမလား ရှေးရေစက်"
ဝင်ရောက်ပြောပေးချင်နေသည့် ရှေးရေစက် ရဲ့စကားသံဟာ တိခနဲတိတ်သွားခဲ့သည်။
သူ့ကိုစူးစိုက်ကြည့်နေသူကိုတစ်လှည့် ငြိမ်သက်သွားတဲ့ ရှေးရေစက် ကိုတစ်လှည့်ကြည့်ပြီး အိမ်မက်သခင် ခုတင်ပေါ်မှ တုန်တုန်ယင်ယင်ဖြင့်ဆင်းလိုက်ပါသည်။
"ဟို..ဟို"
"အင်း ပြော၊ မင်းဘယ်တုန်းကတည်းကစကားပြောတတ်နေတာလဲ"
ပြန်ဖြေသံမလာဘဲ ခေါင်းကိုသာငုံ့ထားသူကြောင့် မင်းမျိုးဗီဇ ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားခဲ့ရသည်။
"မဟုတ်သေးဘူး၊ မင်း အမြဲတမ်းစကားပြောတတ်ခဲ့တယ်မလား၊ ဒါဆို မပြောတတ်ဘူးလို့ လိမ်ရတဲ့အကြောင်းလေးပြောပါဦး"
"ကျွန်..ကျွန်တော်"
မင်းမျိုးဗီဇ ရဲ့မျက်နှာကိုမော့ကြည့်လာတဲ့ အိမ်မက်သခင် ရဲ့မျက်ဝန်းတွေဟာ မဝံ့မရဲဖြင့်။
"အင်း မင်းဘာဖြစ်လဲ၊ အဲ့ဒါထက် နေဦး ဒါဆို ကိုယ်ကပုံမှန်လူတစ်ယောက်အပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခဲ့တာလား"
"..............."
"ကိုယ့်ရောဂါကပျောက်သွားပြီလား၊ မဟုတ်သေးဘူး မနက်ကအထိတောင်မပျောက်သေးပါဘူး၊ ဘာတွေလဲ ဟက်! မပြောနဲ့နော် ကိုယ်ကသာမာန်လူတွေထဲမှာမှ မင်းတစ်ယောက်ထဲအပေါ်ကိုပဲ စိတ်ဖြစ်တာလို့"
မင်းမျိုးဗီဇ ကပြောရင်းခပ်ပြတ်ပြတ်ရယ်ချလိုက်သည်။
"အဲ့ဒါအမှန်ပဲ အစ်ကိုကြီး၊ သာမာန်လူတွေထဲမှာ အစ်ကို့အပေါ်ကိုပဲ အစ်ကိုကြီး လိင်စိတ်တိမ်းညွှတ်တယ်ဆိုတာ ငြင်းလို့မရတဲ့အမှန်တရားပဲ"
VOCÊ ESTÁ LENDO
Master's Blind Boy (COMPLETED)