MBB-26

2.3K 179 6
                                    

"တရားခံ ဦးထွန်းမင်း ဟာလူတွေကိုလိမ်ညာလှည့်ဖျားခေါ်ဆောင်ပြီး လူကုန်ကူးခြင်းအလုပ်ကိုလုပ်ခဲ့တယ်၊ ထိုလူများထဲတွင် အသက်ပြည့်ပြီးသူများလည်းပါသလို အသက်မပြည့်သေးသူများလည်း အများအပြားပါဝင်တယ်၊ လူကုန်ကူးခံရတဲ့လူများထဲတွင် လိင်ကျွန်အဖြစ်ရောင်းချခံရပြီးတဲ့နောက် အသက်သေဆုံးသွားသူတွေလည်းရှိပါတယ်"

"အမိန့်!"

တရားခွင်အတွင်း အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး တရားသူကြီးမင်းရဲ့အမိန့်ကို နားစွင့်နေကြပါသည်။

"အဖ ဦးထွန်းထွန်း၏သား ဦးထွန်းမင်း အသက်၅၂နှစ်အား ပုဒ်မ....နှင့်ပုဒ်မ....တို့အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်!"

ဖြောင်း! ဖြောင်း! ဖြောင်း!

"ဟေးး ကောင်းတယ် အဲ့လိုလူမျိုးတွေ ထောင်ထဲမှာပဲအရိုးဆွေးသင့်တယ်!"

"ကျေနပ်စရာတရားစီရင်ချက်ပဲ!"

"မကောင်းတဲ့လူတွေ ထောင်ထဲမှာပဲ သေသွားလိုက်တော့!"

စီရင်ချက်ချအပြီး လူအများရဲ့ကျေနပ်အားရသံတွေ ညံစီနေအောင်ထွက်လာပါတော့သည်။ထိုအချိန်မှာပင်

"မဟုတ်ဘူး! မဟုတ်ဘူး! ငါကဘာလို့ထောင်ကျရမှာလဲ! မဟုတ်ဘူး! ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူးဗျာ! သူတို့ကိုကျွန်တော်မခေါ်ခဲ့ပါဘူး! သူတို့ဟာသူတို့အလုပ်လုပ်မယ်ဆိုပြီး လိုက်ကြတာပါဗျာ!"

သွေးရူးသွေးတန်းလျှောက်အော်နေသည့် ဦးထွန်းမင်း ကိုကြည့်ကာ ရှေးရေစက် ကတော့သဘောတကျဖြင့် အသံထွက်ရယ်နေပါသည်။

"တူလေး! တူလေး! ဦးလေးကိုကယ်ပါဦးကွာ! ဘာလို့ ရယ်နေတာလဲ! မရယ်ပါနဲ့! ဦးလေးကိုကယ်ပါဦး! ကတိပေးထားတယ်လေ! ဦးလေးကိုအိမ်ပြန်ခေါ်မယ်လို့ကတိပေးထားတယ်လေ!"

အရာရှိနှစ်ယောက် ဖမ်းချုပ်ထားသည့်ကြားထဲမှပင် ထိုင်နေတဲ့ ရှေးရေစက် ရဲ့အနားကိုလာဖို့ ဦးထွန်းမင်း ကကြိုးစားနေသည်။

ဦးထွန်းမင်း ကိုပြုံးကြည့်ရင်း ဘေးနားမှာခပ်မတ်မတ်ထိုင်နေသည့် သခင်ကြီးစစ်တုရင် ရဲ့ပုခုံးပေါ်ကို ရှေးရေစက် ကခေါင်းမှီတင်လိုက်သည်။ထို့နောက် လက်ညှိုးကိုနှုတ်ခမ်းအပေါ် ကန့်လန့်ဖြတ်တင်ရင်း

Master's Blind Boy (COMPLETED)Donde viven las historias. Descúbrelo ahora