MBB-11

4.7K 340 8
                                    

တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနာကျင်နေပြီး အားမရှိသလိုခံစားနေရသည်။အဆိုးဆုံးက ရင်ဘက်တွေရယ် ပေါင်အတွင်းသားတွေရယ်။ခေါင်းထဲလည်းမူးနောက်နောက်ဖြစ်နေပြီး လည်ချောင်းတစ်လျှောက်ခြောက်သွေ့နေပါသည်။

နွေးထွေးပြီးလုံခြုံနေတဲ့ရပ်ဝန်းထဲမှာ တဒိန်းဒိန်းဖြင့်နှလုံးခုန်သံတစ်ခုကိုလည်းကြားနေရတာမို့ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ကျယ်ကြီးထဲ သူရောက်နေတယ်ဆိုတာသိလိုက်ရသည်။တဆက်တည်းဆိုသလိုပဲ ရင်းနှီးကျွမ်းဝင်နေတဲ့ရနံ့သင်းသင်းကြောင့် ထိုရင်ခွင်ကျယ်ကြီးရဲ့ပိုင်ရှင်ကိုလည်း သိလိုက်ရပါသည်။

ဦးစစ် ကသူ့ကိုလက်မောင်းနှစ်ဖက်အားဖြင့် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတာဖြစ်သည်။နည်းနည်းလေးလှုပ်ချင်တာတောင် လှုပ်လို့မရပါ။ခြောက်သွေ့ပြီးအက်ကွဲနေတဲ့လည်ချောင်းအတွက် သူရေသောက်ဖို့လိုနေပါသည်။

"အင်းး ဦး..ဦးစစ်"

အားတင်းပြီးထွက်လိုက်ရတဲ့ သူ့အသံက ခပ်တိုးတိုးသာ။လှုပ်မလာတဲ့ ဦးစစ် ကြောင့်ရင်ခွင်ကျယ်ကြီးကို လက်နှစ်ဖက်ဖြင့်ဖွဖွပုတ်လိုက်မိသည်။

"ဦးစစ် ထပါဦး၊ ရှေး ထ..ထချင်လို့"

"ဟင်းး"

ထိုအခါမှ အသက်ရှူသံပြင်းပြင်းနှင့်အတူ ဦးစစ် ကလှုပ်ရှားလာပါသည်။သို့သော် သူ့ကိုဖက်ထားတဲ့လက်အားကတော့ မလျော့တဲ့အပြင် ပိုလို့တောင်တင်းကျပ်သွားသေးသည်။သူ့ခမျာ အင့်ခနဲ။

"အင့်! ဦး..စစ် လွှတ်ပါဦး၊ ရှေး ထတော့မ..လို့"

မနည်းအသံထွက်ပြီးပြောလိုက်ရတဲ့စကားအဆုံးမှာတော့ ဖက်ထားတဲ့လက်အားတွေလျော့ကျသွားပါသည်။

"အင်း နိုးပြီလား"

"ဟုတ်၊ ရှေး ရေဆာလို့"

သူ့စကားအဆုံး ဦးစစ် ကချက်ချင်းထထိုင်လိုက်တာကို သိလိုက်ရသည်။သူလည်း ကုန်းထဖို့ပြင်လိုက်ပေမယ့် ညောင်းညာကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါခဲ့ပါ။ရုတ်တရက်ဆိုသလို သူ့ကိုသိုင်းဖက်ပြီးထူပေးလာတဲ့ လက်နွေးနွေးနှစ်ဖက်။သူထနိုင်သွားပါသည်။သို့သော် နာကျင်နေတဲ့ တင်ပါးနှင့် ပေါင်ခြံတွေကြောင့် ကောင်းကောင်းမွန်မွန်တော့ထိုင်လို့မရပါ။

Master's Blind Boy (COMPLETED)حيث تعيش القصص. اكتشف الآن